အခန်း (၁၂)

2.7K 227 5
                                    

နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကျနေသော မောင့်မျက်နှာလေးကို ငေးကာ မြတ်လေးချစ်မြတ်နိုးမဝပေ။ လူပေါင်းများစွာထဲကမှ မောင့်ကိုရွေးချယ်ချစ်မြတ်နိုးခဲ့ရခြင်းအတွက်လည်းနောင်တမရသလို မှားယွင်းသည်ဟုလည်း ဘယ်တော့မှမထင်ခဲ့ပေ။

နဖူးပြင််မှာဝဲကျနေသော မောင့်ဆံနွယ်လေးတွေကို အသာလေးသပ်တင်ပေးတော့ ခပ်ထူထူခပ်တန်းတန်းမျက်ခုံးလေးတွေကပေါ်လာသည်။ လက်ညိုးလေးနှင့်ခပ်ဖွဖွထိတွေ့မိတော့ မောင့်မျက်မှောင်ကြုတ်သွားတာကိုတွေ့ရသည်။

နှစ်ခြိုက်စွာအိပ်ပျော်နေသောကြောင့် နိုးသွားမည်စိုး၍ မြတ်လေးလက်ကိုအသာဖယ်လိုက်သည်။ အဲကွန်းဆိုရင် အမြဲတမ်းအဆုံးထိတင်တတ်ပြီး အမြဲတမ်းစောင်လွတ်တဲ့မောင့်ကို ညတိုင်း အဲကွန်းလျော့ပေးရကာ စောင်ခြုံပေးရသည်။

မီးရောင်စူးစူးကိုမအိပ်တတ်သူဖြစ်သလို လုံးဝမှောင်နေပြန်ရင်လည်း မအိပ်တတ်သူမို့ စားပွဲပေါ်ကမီးအိမ်ကိုဖွင့်ထားတော့ အလင်းရောင်ပါးပါးကအခန်းတွင်းဝယ်ဖြန့်ကျက်နေသည်။

ဒီရက်ပိုင်းအတွင်း မောင့်မျက်နှာလေးဟာ အနည်းငယ်ချောင်သွားသလိုပင်။ လေးလေးပင်ပင်သက်ပြင်းချလိုက်ချင်ပေမဲ့ အသက်ကိုသာပုံမှန်ရှုထုတ်လိုက်ရသည်။

မြတ်လေးတာဝန်မကျေဘူးထင်ပါရဲ့။ မောင့်အနားမှာ အချိန်ပြည့်မနေပေးနိုင်ခဲ့သလို ကိုယ့်ကိစ္စနဲ့ကိုယ်အလုပ်တွေရှုပ်နေခဲ့တာ။ မောင်တစ်ယောက်ဘာတွေ စိတ်ညစ်ညူးစရာကြုံတွေ့နေရတယ်ဆိုတာတောင်သတိမထားနိုင်ခဲ့။

အမြဲတမ်းတစ်ခုခုဆို ရေငုံနှုတ်ပိတ်နေတတ်တဲ့မောင့်အကျင့်ကြောင့်လဲခက်သည်။ အရင်ကအကြောင်းတွေ တွေးမိတိုင်း မြတ်လေးတုန်လှုပ်ရသည်။ မောင်ရဲ့အသွင်အပြင်အရ စိတ်ဓာတ်ခိုင်မာပြီး ကြင်နာတတ်သော အမျိုးသမီးတစ်ယောက်လို့ထင်ရပေမဲ့ တကယ်တမ်းအဲ့လိုမဟုတ်တာ မြတ်လေးအသိဆုံးပါလေ။

မောင်ကသူ့ရဲ့အကြောက်တရားတွေ စိတ်ဓာတ်ပျော့ညံ့မှုတွေ နာကျင်မှုတွေကို မသိစိတ်မှာမြှုပ်နှံထားသော သူတစ်ယောက်။ အမြဲတမ်းမျိုသိပ်ထားနိုင်လွန်းသောသူ။

Dandelion Where stories live. Discover now