အခန်း (၆)

3.2K 313 16
                                    

"မေမေကလည်းကွယ် ကျန်းမာရေးဂရုစိုက်ပါလို့ မြတ်လေး အတန်တန်မှာပါရက်နဲ့ အငယ်မလေးတို့ကလည်း ဂရုမစိုက်ကြဘူးလား"

"မမကလည်း နင်လဲသိရဲ့သားနဲ့ မေမေကငါတို့စကားဆို ဘယ်တုန်းကနားထောင်လို့လဲ ပြောပြန်ရင်လည်း ငါတို့ကပဲ လူဆိုးမကြီးဖြစ်နေရော"

ကုတင်ပေါ်မှာ လှဲလျောင်းနေသော မေမေရဲ့မျက်စောင်းကို ခံယူရင်းပြောပြနေသော ညီမဖြစ်သူကိုကြည့်ကာ မြတ်လေးရယ်မိသည်။

လူကြီးတွေဟာလည်း အင်မတန်မှခက်ပါတယ်လေ။ လုပ်ချင်တာလုပ်သည် ငါလူကြီးပဲနင်တို့ဘာသိလဲဆိုတာကလာသေးသည်။

"နင် ဒီမှာအိပ်မှာမလား"

"အင်းပေါ့ အိပ်ရမှာပေါ့ မေမေကလည်းမပြန်စေချင်ဘူးထင်တယ်"

အခန်းတံခါးကိုအသာစေ့ကာထွက်လာတော့ ညီမဖြစ်သူကဘေးနားကိုကပ်ကာမေးလေတော့ အဖြေပြန်ပေးလိုက်သည်။

"မေမေကလည်းလေ သူ့သမီးကြီးက သူများလူဖြစ်နေပြီဟာကို တစ်ချိန်လုံးအနားမှာပဲနေစေချင်နေတယ် ငါတို့ကိုကြပြန်တော့စိတ်တိုင်းမကျပြန်ဘူးတဲ့လေ ဖေဖေဆိုနားညီးလို့ သူ့အနားတောင်သိပ်မကပ်ဘူး"

မြတ်လေးဘာမှပြန်မပြောပဲ အပြုံးလေးဖြင့်သာတုံ့ပြန်လိုက်သည်။ မေမေကလည်း မေမေပင် မြတ်လေးဟာ သမီးအကြီးဆုံးဖြစ်သလို အလိမ္မာဆုံး အားအကိုးရဆုံး စကားနားအထောင်ဆုံးစသော သိတတ်လိမ္မာသောသမီးဖြစ်သူဟူသော ဂုဏ်ပုဒ်ပေါင်းများစွာနှင့်။
တစ်ခုခုဆိုလျှင် မြတ်လေးကိုအရင်ပြောသလို ဘာကိစ္စဖြစ်ဖြစ်တိုင်ပင်ကာ မြတ်လေးပါမှ။

ယောကျာ်းယူအိမ်ထောင်ကျတာမျိုးမဟုတ်ပေမဲ့လိုလဲ မောင်နှင့်မြတ်လေး၏အနေအထားအရ လက်ထပ်ထားသောအနေအထားပင်။

"မမ နင့်အခန်းကိုအိပ်ရာတွေလဲထားပြီးပြီ နင်နားချင်နားတော့လေ နင့်ရဲ့မောင်ကိုလည်းဖုန်းဆက်လိုက်ဦး"

သိပါတယ်ဟူသောအကြည့်ဖြင့် ညီမဖြစ်သူကိုကြည့်ကာ အခန်းထဲရောက်တော့ မောင့်ဆီဖုန်းခေါ်လိုက်သည်။

"ဟယ်လို မမ"

ခပ်ရှရှအသံလေးကနားဝင်ချိုသလို နှစ်တွေကြာသွားတာတောင်မှ ရိုးအီမသွားသလို နားထဲတွင်ချိုမြလတ်ဆတ်နေဆဲပင်။

Dandelion Where stories live. Discover now