အဲကွန်းပေးထားသော အခန်းငယ်က တိတ်ဆိတ်လို့နေသည်။ ခုံပေါ်မှာ ခပ်လျောလျောထိုင်ထားသော ခန္ဓာကိုယ်အနေအထားအရ မယဉ်ကျေးမှန်းသိသော်လဲ သူ့အနေဖြင့် ယဉ်ကျေးစွာထိုင်နေဖို့ကို အင်အားမရှိခဲ့ပေ။
သူ့ရဲ့ရှေ့မှာထိုင်နေသူကတော့ ဒေါက်တာမြတ်အောင်။ ဟုတ်တာပေါ့ သူ့ရဲ့စိတ်အခြေအနေကိုဆွေးနွေးပေးတဲ့သူပေါ့။ ဒီကိုလာရင် သူ့ကိုယ်သူစိတ်ရောဂါရနေသလိုခံစားရတာကြောင့် ဘယ်သောအခါမှမလာချင်ခဲ့။ သို့သော်လဲ ယခုအခြေအနေအရ မလာ၍မဖြစ်တော့ သူ့ကိုယ်သူ တစ်ခုခုလုပ်မိတော့မည်ဖြစ်သောကြောင့်။
"သမီးအခြေအနေက စိတ်ကိုမထိန်းချုပ်နိုင်တာပဲ ကြုံတွေရတဲ့ပြဿနာတွေကို ရင်မဆိုင်ရဲတဲ့အခါ ဒါမှမဟုတ် ခံစားချက်တွေ တအားများလွန်းလာတဲ့အခါ ပေါက်ကွဲထွက်လာသလိုပေါ့"
သူခေါင်းညိမ့်ပြလိုက်သည်။ သူ့အခြေအနေကို သူလဲသိပါ သည်။
"မြတ်လေးရုံရော ဒီကိစ္စကိုသိရဲ့လား"
သူခေါင်းယမ်းပြလိုက်သည်။ မသိစေချင် သူ့ကြောင့်မမကို ထပ်ပြီးစိတ်ဆင်းရဲမှုတွေမပေးချင်တော့။ သိသွားခဲ့ရင်လဲ မမကသူ့ကိုထားသွားမှာကိုကြောက်သည်။
"သမီးကအခု ညဖက်ကိုအိပ်မရဘူး အိမ်မက်ဆိုးတွေမက်တယ် အဲ့ဒီအမျိုးသမီးကိုလွမ်းတိုင်း နာကျင်ရတယ် ပြီးတော့ မကျေမနပ်ဖြစ်ရတယ် မြတ်လေးရုံအပေါ်မှာလဲ အပြစ်ရှိတဲ့စိတ်တွေဖြစ်ရတယ် ခံစားချက်ပေါင်းစုံပေါ့"
"ဟုတ်တယ် နေ့ခင်းဖက်မှာအလုပ်ထဲကို စိတ်နှစ်ထားမိပေမဲ့ ညဖက်ရောက်တိုင်း ရူးချင်လာသလိုခံစားရတယ် တစ်ခုခုကိုတောင့်တသလိုမျိုး ပြီးတော့ အရင်ကအကြောင်းတွေကိုလဲ အိမ်မက်မက်တယ်"
"အဲ့ဒီအမျိုးသမီးလေးထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"
"လေးရက်ရှိပြီ"
"သမီးလိုက်ရှာဖို့မကြိုးစားခဲ့ဘူးလား"
သူတိတ်ဆိတ်သွားမိသည်။
"သမီးစိတ်ထဲမှာရှိနေတဲ့အကြောက်တရားက သူကသမီးကို စွန့်ခွါသွားလို့ လိုက်မရှာသင့်ဘူး ဒီဇာတ်လမ်းကဒီမှာတင်ပြီးပြီလို့သတ်မှတ်ထားပေမဲ့ မသိစိတ်ထဲကတော့ သူ့ကိုလိုက်ရှာတယ် ဟုတ်တယ်မလား အဲ့ဒီအမှန်တရားကို သမီးသိစိတ်က လက်မခံနိုင်ဘူး"
YOU ARE READING
Dandelion
Romance"မင်းရဲ့လက်ထဲက Dandelion လေးတွေကို လေနဲ့မှုတ်လိုက်ပြီးဆုတောင်းရင် ဆုတောင်း ပြည့်တယ်တဲ့" "မဖြစ်နိုင်တဲ့ဆုတောင်းတွေရောလား"