အခန်း (၇)

3K 307 30
                                    

"ကျက်သွားပြီလား"

"အင်း ရေခမ်းလို့ဆီပြန်ပြီး အိုးကပ်သွားရင်ကျက်တာပဲလေ"

"ဪ"

တကယ်မသိသည့်ဟန်ဖြင့် သူ့ရဲ့အနောက်ကနေ ဟင်းအိုးကိုလှမ်းလှမ်းကြည့်နေသော အမျိုးသမီးဟာ အိပ်ရာထဲက ပုံစံဖြင့်တစ်ခြားစီ။ အိပ်အလုပ်တစ်ခါမှမလုပ်ဖူးသော သူအဖို့ကြက်သွန်ဖြူလေးခွါတာတောင် ခက်ခဲလို့နေလေတော့ ကွာခြားလွန်းသည့်ဘဝတွေက ကိုယ့်အတိတ်ကံတွေကြောင့်လား။

ထိုအမျိုးသမီးကိုကြည့်ရတာ အားကစားတစ်ခုခုကိုပြုလုပ်ပြီး ပြန်လာသည့်ဟန် အားကစားဝတ်စုံအဖြူဝမ်းဆက်ကိုဝင်ဆင်ထားကာ စည်းထားသောဆံနွယ်တွေဟာ အနည်းကယ်တော့ဖရိုဖရဲနိုင်နေသည်။ သို့သော်လည်း ထိုအမျိုးသမီး၏ ဆွဲဆောင်မှုကတော့ တစ်စက်ကလေးမှ လျော့ကျသွားခြင်းမရှိပေ။

တော်တော်လှသည့် အမျိုးသမီးပဲဟု စိတ်ထဲမှကြိတ်ပြီး မှတ်ချက်ချမိသည်။ သူ့ပတ်ဝန်းကျင််မှာ လှသည်ချောသည်ဆိုသော မိန်းကလေးပေါင်းများစွာကိုမြင်ဖူးသော်လည်း သူလို့လူမျိုးကတော့ရှားသည်။

တစ်ဆက်တည်းတွေးမိတာက သူလိုအမျိုးသမီးမှာ ချစ်သူရည်းစားရှိနေနိုင်သည်ဆိုတာပင်။ တုန်လှုပ်သွားတာကြောင့် ခန္ဓာကိုယ်လေးပါတုန်သွားတော့ ထိုအမျိုးသမီးက သတိထားမိဟန်တူသည်။

"ဘာဖြစ်လို့လဲ အေးလို့လား"

"မဟုတ်ပါဘူး ထမင်းစားတော့မလား ခူးလိုက်မယ်လေ"

စကားလမ်းကြောင်းလွဲလိုက်ပြီးမေးလိုက်မိသည်။

"ရေအရင်ချိုးချင်တယ် တို့တင်းနစ်ကစားပြီးပြန်လာတာ ညစ်ပတ်နေတယ်"

အနည်းငယ်တော့နေရခက်သွားသည်။ ခေါင်းညိမ့်ပြလိုက်မိသော်လည်း စိတ်ထဲမတင်မကျ။ ထိုအမျိုးသမီးဟာ ဘယ်လိုလူမျိုးလဲဆိုတာကိုတွေးမိပြန်တော့ အရာရာက တိကျမှုမရှိပြန်။

တွေးမနေတော့ပါဘူးလေ အချိန်တန်ရင် ကိုယ့်လမ်းကိုသွားကြရမှာပဲ။ သူကိုယ်တိုင်လဲ ဒါကသူ့အပိုင်နေရာလို့ မသတ်မှတ်ထားသလို ခေတ္တခိုနားရာလေးတစ်ခုသာသာပဲလေ။ တစ်ချိန်ကြရင်တော့ ထွက်ခွါသွားရမှာဖြစ်သလို သူတို့နှစ်ယောက်ဟာလဲ သူစိမ်းတွေပါပဲ။

Dandelion Where stories live. Discover now