အခန်း (၈)

3K 328 12
                                    

နေဝင်ခါနီးအချိန်ဆိုသော်လည်း ဆည်းဆာရဲ့အရောင်က အစွမ်းကုန်တောက်ပလျက်ရှိနေသည်။ ပျောက်ကွယ်ရတော့မို့ အစွမ်းကုန်ထွန်းလင်းပေးနေသလားမပြောတတ်။

ကားဟွန်းတွေအကြားမှာ စိတ်မရှည်သောစိတ်တို့က အစွမ်းကုန်ဆွဲဆန့်ထားရသည်။ မီးပွိုင့်နီနီကိုကြည့်မိသလို ရှေ့က ကားအတန်းကိုလည်းကြည့်မိသည်။ စောင့်ဆိုင်းရလာတော့ စိတ်ကိုလျော့ချလိုက်ပြီး နည်းနည်းတော့တည်ငြိမ်သွားသလိုပင်။

သူဘာကိုစိတ်ဆိုးလို့ထွက်လာတာလဲဟုစဉ်းစားတော့ အဖြေကရေရေရာရာမတွေ့သလိုပင်။ မွှန်ထူသွားသည့်စိတ်က ကာမပိုင်ရှိသောမိန်းကလေးကိုကျူးလွန်မိလေသလားဟု။ သို့သော်လည်း ပြန်တွေးကြည့်လိုက်တော့ ကာမပိုင်ရှိသူတစ်ယောက်ဟာ ကိုယ်ဝန်ကြီးနဲ့တစ်ယောက်ထဲတော့မနေတန်ရာ။

ချစ်သူရည်းစားများလားဟုတွေးမိသော်လည်း တိကျသည့်အဖြေမရှိ။ တဆက်တည်းစဉ်းစားမိတာက သူကရောဘာထူးလို့လဲဆိုတာပင်။ သူကိုယ်တိုင်မှာလည်း လက်ထပ်ထားသည်ဟုမဆိုသာသော်လည်း နှစ်ဦးသဘောတူလက်ထပ်ထားသလို အိမ်သူရှိတယ်မဟုတ်ပါလား။

ဒေါသဖြင့်ပြောခဲ့သောစကားအတွက် နောင်တရသွားမိသည်။ မှားတဲ့သူချင်းအတူတူ ဘာကိစ္စသူက အသာလိုချင်နေရပါသနည်း။ ဒီမိန်းကလေူကိုခေါ်လာတာဟာ သူဖြစ်သလို သွားပက်သက်မိနေတာလဲသူပင်ဖြစ်သည်။ ကိုယ်ဝန်ရှိသည်ဟူသော စကားကိုကြားလိုက်တော့ ကြောက်လန့်သွားမိတာက ပိုင်ရှင်ရှိနေမှာကို။ သူဘယ်လောက်ပဲ မိန်းကလေးများစွာနဲ့အိပ်အိပ် ပိုင်ရှင်ရှိသူကိုတော့ သူမကျူးလွန်ပေ။

သူပြောလိုက်သည့်စကားကြောင့် ဆွေးမြေ့ရီဝေနေသော မျက်ဝန်းတွေကနာကျင်မှုတွေကို သူသတိထားမိသော်လဲ ဒေါသထွက်နေသောအရှိန်ကြောင့် သူဂရုမထားခဲ့။

သက်ပြင်းငွေ့ငွေ့ချမိပြန်သည်။

တစ်ဖက်လမ်းကြောရှင်းနေတာမို့ ကားကိုပြန်ကွေ့ကာ သူပြန်လာခဲ့သည်။ အနည်းဆုံးတော့ သူတို့နှစ်ယောက်လုံး ပွင့်ပွင့်လင်းလင်းပြောကြရအောင်လို့။

အိမ်ရှေ့ဘဲလ်ကိုတီးပေမဲ့ ထွက်လာသူမရှိ စိတ်မရှည်လို့ တံခါးကိုထုရိုက်သော်လည်း ဘာသံမှမကြားရ။ အပြင်များထွက်သွားလေသလား။ မိုးချုပ်ချုပ်အချိန်မှာတော့ အပြင်ထွက်သွားတာမဟုတ်တန်ရာ။ ဖုန်းကိုထုတ်ကာ တိုက်ခန်းပိုင်ရှင်ဘော်ဒါကိုလှမ်းဆက်လိုက်မိသည်။
အခန်းရဲ့ password ကိုလှမ်းမေးလိုက်ပြီး အခန်းကိုဖွင့်လိုက်တော့ မီးမထွန်းထား၍ အနည်းငယ်မှောင်နေသည်။

Dandelion Where stories live. Discover now