"ဟေး ဘာတွေငိုင်နေတာလဲ ဂုဏ် နင့်ကြည့်ရတာ မလန်းလိုက်တာဟာ"
ဆူဆူညံညံ တီးလုံးသံတွေကိုဖောက်ထွင်းပြီးထွက်ပေါ်လာတဲ့ အသံစူးစူးကြောင့် လက်ထဲကကော့တေးခွက်ကိုချကာ အသာအယာပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး"
"သူ့ မမ မရှိလို့ ငိုင်နေတာနေမှာပေါ့ ဂုဏ် နင်ကလည်း ကလပ်လာပါတယ်ဆိုမှ ငူမနေနဲ့လေကွာ အမိုက်စားလေးတွေ ဒီလောက်ပေါနေတာကို နင်မဟုတ်တဲ့အတိုင်းပဲ"
ဘာမှပြန်မပြောမိပေမဲ့ အပြုံးတစ်ခုကိုတော့ နှုတ်ခမ်းဖျားမှာဆင်မြန်းထားသည်။ ငယ်ငယ်ထဲကနေ ယခုအချိန်ထိပေါင်းလာသော ဘော်ဒါတွေရဲ့ဖိတ်ခေါ်မှုကြောင့် ကလပ်ကိုလိုက်ပါလာရသည်။
အကြောင်းအရင်းကလည်း ထွေးထွေးထူးထူးမဟုတ်ချေ။ ဂုဏ်တို့ဘော်ဒါတစ်ယောက်ဖြစ်သော Transman လေး သူ့စော်နဲ့ပြတ်သွားသောကြောင့်ဖြစ်သည်။ ထည်လဲတွဲနေတာကြောင့် တစ်ယောက်ယောက်နဲ့ပြတ်တာ အဆန်းမဟုတ်ပေမဲ့လို့ ဒါကိုအကြောင်းပြုလို့ ကလပ်ကိုရောက်လာရခြင်းတည်း။
အခုတော့လည်း ကလပ်က ကပွဲအလည်မှာ လောကကြီးကိုမေ့နေလေရဲ့။
"ငါတို့ရဲ့ ဂုဏ်ကတော့ဟေ့ သူမဟုတ်သလိုပဲ မမနဲ့တွေ့ပြီးမှ မခုတ်တတ်တဲ့ကြောင်လေးဖြစ်နေတာ"
"ဟုတ်တယ်ဟေ့ အရင်ကဆို သူဘယ်လောက်သောင်းကျန်းတယ်ဆိုတာ သိကြတယ်မလား"
အတိုင်အဖောက်ညီညီ နှိပ်ကွပ်နေသော ဘော်ဒါတွေကို ပြန်မချေပမိ။ သူတို့ပြောတာတွေကလည်း အမှန်တွေပဲကို။
အင်း.. အရင်တုန်းကအမှန်တရားတွေပေါ့။
လက်ကနာရီကိုကြည့်လိုက်တော့ ၁၂ ခွဲဟူသော အချိန်ဟာ သန်းခေါင်ယံကိုကျော်နေလေပြီ။
"ဘာလဲ ပြန်ချင်နေတာလား မရဘူးနော် နင်ငါတို့ကို ပလစ်ထားတာ အတော်ကြာနေပြီ နင့်မမလည်း မရှိဘူးဆိုမှတော့ ဘာလို့မကဲတာလဲ"
"ငါက လိမ္မာတယ်လေ ကွယ်ရာမှာလည်း စိတ်ချရအောင်နေတဲ့သူမျိုး"
"စောက်ပိုတွေမပြောနဲ့ ဂုဏ်ရာ နင့်အကြောင်းငါတို့မသိတာကြလို့ ဟီးဟီး မျက်စိရှေ့မှာ အမိုက်စားလေးတွေချည်းပဲနော် ဘာလို့တစ်ယောက်လောက်မရွေးတာလဲ တစ်ခါတစ်လေ အပျော်ပဲဟာကို ကိုယ့်ဘာသာအရမ်းမချုပ်တီးစမ်းပါနဲ့"
YOU ARE READING
Dandelion
Romance"မင်းရဲ့လက်ထဲက Dandelion လေးတွေကို လေနဲ့မှုတ်လိုက်ပြီးဆုတောင်းရင် ဆုတောင်း ပြည့်တယ်တဲ့" "မဖြစ်နိုင်တဲ့ဆုတောင်းတွေရောလား"