အခန်း (၁၁)

3.5K 269 13
                                    

ညနေခင်းဆေးခန်းမှာ လူတွေတော်တော်ကျနေတာကြောင့် ပင်ပန်းနေကာ ယခုမှပင်ထိုင်ရတော့သည်။ လူနေထူထပ်ပြီး အခြေခံလူတန်းသားတွေသာရှိသော ရပ်ကွက်မှာ ဖွင့်ထားတာမို့ လူချမ်းသာတွေလာတာရှားသည်။

ပိုက်ဆံရဖို့ထက် ဒီတိုင်းဝါသနာပါလို့ဖွင့်ထားတာဖြစ်တာကြောင့် မြတ်လေးအတွက် ငွေရေးကြေးရေးကအရေးမကြီးပေ။

ပင်ပန်းနေလို့ ခုံမှာထိုင်လိုက်ရင်း နားထင်ကိုခပ်ဖွဖွနှိပ်မိသည်။

"ဒေါက်တာ ဒီမှာဧည့်သည်ရောက်နေတယ်"

လူနာမဟုတ်ပဲ ဧည့်သည်ဆိုတော့ နည်းနည်းတော့ အံ့ဩသွားသည်။ ဆေးခန်းကိုဧည့်သည်လာတယ်ဆိုတာရှားသည်လေ။ မြတ်လေးကိုတွေ့ချင်သူတော်တော်များများက အိမ်ကိုပဲလာကြတာဆိုတော့။

"ဟေး မြတ်လေး တို့ကိုမှတ်မိရဲ့လား"

"ဟယ် အစ်မကြည်စင် ဘယ်တုန်းကပြန်ရောက်တာလဲ"

"နှစ်လသုံးလလောက်ရှိပြီလေ အစ်မလဲအခြေကျအောင်လုပ်နေရတာနဲ့ မြတ်လေးတို့ကိုမဆက်သွယ်ဖြစ်တာ အခုမှ မြတ်လေးအိမ်ဝင်တော့ မြတ်လေးကဒီဖက်မှာဆေးခန်းဖွင့်ထားတယ်ဆိုပြီး အန်တီကပြောလိုက်လို့"

"အစ်မကလည်း စောစောဆက်သွယ်တာမဟုတ်ဘူး အခုအစ်မကဘယ်မှာနေတာလဲ"

"အိမ်ကတော့အရင်အိမ်မှာပဲလေ အလုပ်ကတော့ **** ဆေးခန်းမှာ ထိုင်တယ်"

"ဟုတ်လား အစ်မပြန်လာတာကောင်းလိုက်တာ အစ်မညနေစာစားပြီးပြီလား မြတ်လေးနဲ့အတူတူစားရအောင်လေ စကားလေးဘာလေးလဲပြောရင်းပေါ့"

"ကောင်းတာပေါ့ အဲ့ဒါကြောင့် အစ်မလဲမြတ်လေးဆီလာခဲ့တာ မြတ်လေးအကြောင်းတွေလဲကြားပါတယ်နော်"

မြတ်လေးဘာမှမပြောတော့ပဲ ရယ်ပဲရယ်ကာ မောင့်ဆီကိုဖုန်းဆက်လိုက်သည်။ စီနီယာအစ်မတစ်ယောက်ရောက်လာလို့ အပြင်သွားမှာဖြစ်ကြောင်း လာကြိုစရာမလိုကြောင်းပေါ့။

အစ်မကြည်စင်တို့မိသားစုနှင့် မြတ်လေးတို့မိသားစုက အမျိုးတော်သေးသည်။ ပြီးတော့ကျောင်းတက်ကြတော့လဲ အစ်မကြည်စင်က မြတ်လေးရဲ့ စီနီယာဖြစ်သလို ဆရာလို့လည်းဆိုနိုင်သည်။ အစ်မအိမ်ထောင်ကျပြီးမှ ဘွဲ့လွန်ဆက်တက်ဖို့ နိုင်ငံခြားကိုထွက်သွားတာ လေးနှစ်လောက်ရှိပြီဖြစ်သလို ယခုမှသာပြန်လာခြင်းပင်။

Dandelion Where stories live. Discover now