သားဖွားမီးယပ်ဆရာဝန်၏ ဆူပူမှုအောက်မှာမျက်နှာငယ်လေးနှင့်ဖြစ်နေသော မိန်းကလေးရဲ့လက်ဖျားတွေကို ခပ်ဖွဖွဆုပ်ကိုင်ပေးထားလိုက်သည်။
ကိုယ်ဝန်စရှိကတည်းက ဆေးခန်းမပြခဲ့သလို မိခင်ကိုယ်တိုင်ကလည်း ကျန်းမာရေးအခြေအနေဟာ ညံ့ဖျင်းနေတာကြောင့် ဆရာဝန်ဟာပိုမိုစိတ်တိုနေဟန်ရှိသည်။
"အာဟာရမပြည့်ဝတာဟာ ဘယ်လောက်ဆိုးလဲဆို မွေးလာတဲ့ကလေးကို ဉာဏ်ရည်မမှီတာတွေဖြစ်စေလိမ့်မယ်
ပြီးတော့ ကိုယ်ဝန်ဆောင်ကာလ ၄ ပတ် ကနေ ၂၈ ပတ်အတွင်းမှာ ဆေးခန်းကို တစ်လတစ်ကြိမ်ပုံမှန်သွားရမယ်။
ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်ကနေ ၃၆ ပတ်ကာလအတွင်းမှာတော့ ဆေးခန်းကို ၁ လ ၂ကြိမ်ပုံမှန်သွားရမယ်။
ကိုယ်ဝန်ဆောင်ကာလ ၃၆ ပတ်နောက်ပိုင်းမှာတော့ အပတ်စဉ် တစ်ပတ်တစ်ကြိမ်ဆရာဝန်နဲ့ တွေ့ရမယ်ကလေးမမွေးဖွားမှီမှာ သင်တင့်တဲ့ကိုယ်အလေးချိန်လဲရှိရမယ် ဆေးလိပ်အရက်မသောက်ပါနဲ့ ကဖင်းဓာတ်ပါတာတွေလဲ အရမ်းမစားပါနဲ့ အိပ်ရေးဝဝအိပ်ပါ သွေးအားတွေလဲနည်းနေတာဆိုတော့ တတ်နိုင်သမျှပင်ပန်းတာတွေမလုပ်နဲ့ ဆေးခန်းကိုလဲ ချိန်းထားတဲ့အချိန်မှာလာပြဖို့မမေ့ပါနဲ့
ကိုယ်ကမိခင်အလောင်းအလျာဖြစ်နေပြီ ကိုယ်ဗိုက်ထဲကရင်သွေးအတွက် ကိုယ့်မှာတာဝန်အရှိဆုံး ဆောင်ရန် ရှောင်ရန်တွေကိုလေ့လာ"
သနားကမားမျက်နှာလေးကြောင့်လားမသိ ဒေါသထွက်နေသော ဆရာဝန်က လေသံလျော့သွားသည်။
ဆေးခန်းကနေပြီးတော့ သွေးစစ်တာတွေ သန္ဓေသားလောင်းရဲ့ ခရိုမိုဇုန်းစစ်တာတွေ အာထရာဆောင်းရိုက်တာတွေ လုပ်ပေးပြီးတော့ သန္ဓေသားဟာကြီးထွားမှုနည်းနေတာကို တွေ့ရသည်။ ဒါကလည်း မိခင်ဖြစ်သူနဲ့သာသက်ဆိုင်တာမို့ မိခင်၍ကျန်းမာရေးကို အရင်ဂရုစိုက်ရမည်။တော်သေးတာက သူ့မှာအားနည်းနေတာကလွဲရင် တခြား ရောဂါကြီးကြီးမားမားမရှိပေ။ စိတ်ဖိစီးမှုတွေလဲရှိနေတာကြောင့် ဆရာဝန်ကတော့ စိတ်ကိုချမ်းသာအောင်နေဖို့ အကြံပြုလေသည်။
"သားဦးဆိုတော့ ကိုယ်ဝန်ဆိပ်တက်တာတွေဘာတွေဖြစ်နိုင်တယ် သတိထားပါနော် တစ်ခုခုဆိုမလာနိုင်ရင် နီးစပ်ရာ ဆရာဝန်ကိုအမြန်ဆုံးပြပါ ကိုယ်လက်လှုပ်ရှားမှုကိုနေ့စဉ်လုပ်ပေးပါ ပေးထားတဲ့ဆေးတွေလဲပုံမှန်သောက်ပေးပါ"
YOU ARE READING
Dandelion
Romance"မင်းရဲ့လက်ထဲက Dandelion လေးတွေကို လေနဲ့မှုတ်လိုက်ပြီးဆုတောင်းရင် ဆုတောင်း ပြည့်တယ်တဲ့" "မဖြစ်နိုင်တဲ့ဆုတောင်းတွေရောလား"