အခန်း (၁၅)

2.5K 212 0
                                    

ပရဟိတကျောင်းက ကလေးငယ်လေးတွေရဲ့ ပျော်ရွှင်နေတဲ့ပုံစံလေးတွေကိုကြည့်ကာ စိတ်ကြည်နူးမိသည်။ တောကျောင်းလေးမို့လို့ အလှူရှင်ရှိသည့်အခါမှာ ပုံမှန်ထက်ပို၍ စုံလင်သွာစားသောက်နိုင်သည့် ကလေးလေးတွေရဲ့မျက်ဝန်းတွေဟာ အရောင်တွေတောက်လို့နေသည်။

မြတ်လေးအနေဖြင့်လဲ ကလေးလေးတစ်ယောက်တော့ လိုချင်မိသား။ သို့သော်လဲ ကိုယ့်သွေးသားကိုရနိုင်ဖို့က မလွယ်ကူဘူးဆိုတော့ စဉ်းစားရသည်။ တစ်ယောက်ယောက်ကို မွေးစားမယ်ဆိုပြန်ရင်လဲ မြတ်လေး၏မိဘတွေဟာလက်ခံမည်မဟုတ်။

မောင်ကတော့ နှစ်လသားလောက်သာရှိသေးသည့် ကလေးလေးကို ချော့မြူနေလေတော့ မြတ်လေးစိတ်ထဲ စိတ်မကောင်းဖြစ်မိသည်။ မောင်အနေနဲ့လဲ မြတ်လေးကိုသာမတောင်းဆိုတာ ကလေးချစ်တတ်သူမို့ ကလေးလေး တစ်ယောက်တော့ လိုချင်နေမည်ဆိုတာ သေချာသည်။

မုန့်တွေအဝတ်အထည်တွေ ထမင်းဟင်းအလှူရှင်အဖြစ် လှူထားတာမို့ ပရဟိတကျောင်းရဲ့ ကျောက်သင်ပုန်းပေါ်မှာ အဖွားဒေါ်ခင်သွယ်အားရည်စူး၍ မြေးဖြစ်သူ မဂုဏ်ထည်ဝါမောင်+ ဒေါက်တာမြတ်လေးရုံ တို့၏ကုသိုလ်အလှူ ဟူသော စာတွေကို စာလုံးလှလှဖြင့် ရေးထားသည်။

ဒီပရဟိတကျောင်းလေးက မောင့်ရဲ့အဖွားကိုယ်တိုင် ဆောက်လုပ်လှူဒါန်းထားတာဖြစ်သည့်အပြင် အဖွားဆုံးတော့လဲ ဒီနေရာမှာပင်။ နှစ်တွေကြာခဲ့ပြီဆိုသော်လဲ မြတ်လေးကိုယ်တိုင်လဲ အဖွားကိုသတိရနေဆဲပါ။

မောင့်ကို မြတ်လေးလက်ထဲကို အပ်ခဲ့ရုံသာမက သူစိတ်ချမယ်ဟု တဖွဖွပြောတတ်သူ။ မြတ်လေးဆရာဝန်ဖြစ်မှ အဖွားဆေးကုခံတော့မယ်ဆိုပြီး ရယ်ရယ်မောမောစနောက်တတ်သော အဖွား။ မောင့်ကိုလဲ သူ့ရဲ့အရာအားလုံးထက် ပိုချစ်သောအဖွား။

မောင့်ရဲ့ပုံရိပ်လေးကိုကြည့်မိတော့ မြတ်လေးမောင့်ကိုပိုပြီး သနားမိသလို ပို၍လဲချစ်စိတ်ပိုရသည်။ ဒီရက်ပိုင်းအတောအတွင်းမှာ မောင် တစ်ယောက်ဘာတွေဖြစ်နေသည်ဆိုတာ သေချာမသိသော်လဲ မောင့်ကိုစိတ်ချမ်းသာစေချင်သည်။

ချစ်ခြင်းမေတ္တာနဲ့ပက်သက်ရင် အမြဲတမ်းနောက်ကောက်ကျသူမို့ မောင့်ကို ချစ်ခြင်းမေတ္တာတွေအပြည့်ပေးကာ ပျော်ရွှင်စေချင်သည်။

Dandelion Where stories live. Discover now