အခန်း (၁၇)

2.5K 202 3
                                    

ကားမောင်းနေပေမဲ့ဦးတည်ချက်မရှိသလို လမ်းတွေပျောက်ဆုံးနေသလို အရာရာဟာဝေဝါးလို့နေသည်။ ရစ်သိုင်းလာသောမျက်ဝန်းကမျက်ရည်တွေကို မျက်တောင်ခတ်ကာ မကျမိအောင်ထိန်းထားရသည်။

မောင့်ရဲ့နှုတ်ဖျားကထွက်လာသော စကားလုံးတွေဟာ ကြမ်းတမ်းလွန်းပြီး မြတ်လေးအတွက်တော့ ခံရခက်လွန်းသည်။ သို့သော်လဲ ဒီစကားထဲကတချို့သောအရာတွေဟာ အမှန်တရားဆိုတာကိုတော့ မြတ်လေးကိုယ်တိုင်လဲ သိပါသည်။

ဒါပေမဲ့ မြတ်လေးအပေါ်မယုံကြည်သည့် မောင့်ရဲ့စကားတွေဟာ နှလုံးသားကိုဖျစ်ညှစ်နေသလိုနာကျင်ရသည်။ အပြစ်မတင်ရက်ပေမဲ့လို့ စိတ်နာမှုကဘယ်သူ့အပေါ်ဦးတည်ရမှန်းမသိ။

ငယ်စဉ်ကတည်းက အိမ်နီးနားချင်းဖြစ်ခဲ့ရသလို မိသားစု အခြေအနေတွေကလဲ တော်တော်များများကိုသိကြတာမို့ မောင့်ရဲ့ခံစားချက် မောင့်စိတ်သဘောထား မောင့်ရဲ့အရာအားလုံးကို မြတ်လေးနားလည်ပေးနိုင်သည်။

ကားပေါ်ကနေ ဒေါသတကြီးထွက်သွားတော့ မောင့်ပုံရိပ်ကို ဖမ်းဆွဲလိုက်ချင်ပေမဲ့ မဝံ့ရဲ။ မောင်ရဲ့ထပ်မံထွက်ဆိုလာမည့် စွပ်စွဲမှုတွေကို မြတ်လေးခံနိုင်ရည်ရှိဖို့ မသေချာပေ။ ဖုန်းခေါ်လိုက်ချင်ပေမဲ့ ယခုအချိန်မှာတော့ချပစ်မှာ သေချာနေတာကြောင့် ဖုန်းကိုကိုင်လိုက်ချလိုက်ဖြင့် ဘာလုပ်ရမှန်းမသိ။

လက်ထဲမှာရုတ်တရတ်မြည်လာသောဖုန်းကိုကြောင့် ဝမ်းသာသွားကာကြည့်မိသော်လဲ မေမေဟူသော နာမည်ကြောင့် အနည်းငယ်တော့စိတ်ပျက်သွားရမှာကို မြတ်လေးခံစားလိုက်ရသည်။ ဖုန်းကိုနားထောင်တော့ အိမ်ကိုလာခဲ့ဖို့ခေါ်တာကြောင့် ကားကိုမေမေတို့အိမ်ဖက်ကိုမောင်းခဲ့လိုက်သည်။

ဆယ့်ငါးမိနစ်လောက်ပဲကြာသော်လဲ အိမ်ရှေ့မှာဝင်ဖို့ မြတ်လေးတွေဝေနေမိသည်။ အိမ်ထဲဝင်လာတော့ မိသားစု စုံနေတာမို့ အပူရုပ်ကိုဟန်လုပ်ကာ ပြုံးလိုက်သော်လည်း မြတ်လေးအကြောင်းကို အရာအားလုံးသိသော မေမေက မေးတော့သည်။

"ဟိုတစ်ယောက်ကမပါဘူးလား အိမ်ကနေလာမှာဆို နာရာဝက် လေးဆယ့်ငါးမိနစ်လောက်ကြာမှာကို နင်အပြင်ရောက်နေတာလား"

Dandelion Where stories live. Discover now