Ep(1) U&Z

2.6K 85 2
                                    

Unicode

သံတမန်အချစ်

       သံတမန်အချစ် Ep (1)
      
"ဟျောင့်...!မြန်မြန်လုပ်ကွာ နောက်ကျတော့မယ်."

ကျန်းချန်က ရှောင်းကျန့်ကိုပြောလိုက်သည်။

ယခုရှောင်းကျန့်တို့သံတမန်အစည်းအဝေးပွဲသို့သွားရန်ဖြစ်သည်။ရှောင်းကျန့်တို့သည် လူသားတွေမဟုတ်ကြပါ။

"မင်းကလည်းကွာ ပြီးပါပြီ။အသည်းအသန်ပဲအော်နေတာ..."

" အေး..အော်ရတယ်။  ပြီးရင် မင်းကြောင့်ပဲအမြဲနောက်ကျတယ် ။နောက်ကျတိုင်းလည်းအပစ်ပေးခံရတယ်..."

ကျန်းချန် မျက်စောင်းမမည်သော မျက်စောင်းလေးထိုးရင်း ရှောင်းကျန့်ကိုပြောလိုက်သည်။

ရှောင်းကျန့်တို့နှစ်ယောက် အစည်းအဝေးသို့ရောက်သည့်အချိန်တွင် အစည်းအဝေးသည် စနှင့်နေပြီဖြစ်သည်။

ထို့ကြောင့်ရှောင်းကျန့် နှင့် ကျန်းချန် အစည်းအဝေးနောက်ကျသဖြင့်အပြစ်ပေးခံလိုက်ရသည်။

--------

" ရိပေါ်  ကျောင်းသွားမယ်လေကွာ ၊ဘာလုပ်နေတာလဲ."
ကျောင်းသွားရန် ရေမချိုးပဲထိုင်နေသော ရိပေါ်ကိုကြည့်ရင်း ယွီပင်းပြောလိုက်ခြင်းဖြစ်သည်။

" ငါ  ကျောင်းမသွားချင်ဘူး၊ကျောင်းသွားရင် ငါသူတို့ကိုတွေ့ရမှာ....!"

"ဟျောင့်...ဘယ်သူတွေလဲကွာ..မင်းမှာရန်ဖက် တွေ ဘာတွေရှိတယ်လဲ ငါမကြားမိပါဘူး.."

"သူ...သူတို့..ငါ့ကိုလိုက်နှောင့်ယှက်နေတာ"

"  အေးပါ..ထားပါတော့ ခုတော့ရေသွားချိုး ကျောင်းရောက်မှမင်းပြောတဲ့သူတွေကိုစာရင်းရှင်းမယ်..."

ထိုသူတွေကို ယွီပင်းမသိပေမယ့် ကျောင်းနောက်မကျရေး နောင်ခါလာနောင်ခါဈေးဖြင့်ပြောလိုက်သည်။

ထို့နောက် ရိပေါ် နှင့် ယွီပင်း ကျောင်းသို့ထွက်ခဲ့လေသည်။

------

ရှောင်းကျန့်တို့လည်း အပြစ်ပေးတာကိုခံယူပြီး အိမ်သို့အပြန်..

"ရှောင်းကျန့်  ငါ့ဆွဲကြိုးကအချက်ပြနေပြီ။. ငါသွားလိုက်အုန်းမယ်။မင်းတစ်ယောက်တည်းပြန်လိုက်တော့နော်..."

သံတမန်အချစ်(Completed)Where stories live. Discover now