Ep (22) U & Z

219 12 0
                                    

Unicode

သံတမန်အချစ် (22)

Aurora တွေမပေါ်လာခင်အထိ ရိပေါ် ကိုကို့ကို‌ပဲငေးကြည့်နေမိသည်။

ကိုကိုက နတ်သားတဲ့လား...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ဒါပေမယ့် ဒါဟာအမှန်တရားပဲလေ

ရိပေါ် ထင်ခဲ့တာ ကိုကိုကပြန်ဝင်စားလာတယ်လို့
ရိပေါ်အထင်တွေမှားခဲ့ပုံပဲ
နတ်သားတွေကလူ့ပြည်ကိုလာရင် မစ်ရှင်တစ်ခုရှိတယ်လို့ ရိပေါ်ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာမြင်ဖူးတယ်။ကိုကိုရော အဲ့လိုပဲလားမသိဘူး

အယ် ! မှားလို့ ကိုကိုအပြစ်ပေးခံရလို့ လူ့ပြည်ရောက်လာတာလား

ရိပေါ်အတွေးလွန်နေတာနှင့်ပင် ရှောင်းကျန့်ခေါ်တာကိုမကြားပေ။

"ကလေး !"

"ကိုကို..."

"ဘာတွေတွေးနေတာလဲ ကလေးရဲ့၊ကလေးကြည့်ချင်နေတဲ့ Aurora တွေပေါ်လာပြီလေ"

ဟုတ်ပါရဲ့.... Norway နိုင်ငံရဲ့ကောင်းကင်ပေါ်မှာ အပြာရောင်နှင့်အစိမ်းရောင်ရောစပ်နေသော Aurora အလင်းတန်းများလျက်ပြေးနေတယ်။

ရိပေါ်အိမ်မက်ထဲက Aurora တွေကိုမြင်နေရသောလည်း ရိပေါ်မပျော်နိုင်တော့။ကိုကို့ကိုသာ ငေးကြည့်မိသည်။

ကိုကို့ရဲ့အပြုံးတွေကလှလိုက်တာ...
ကိုကိုနဲ့တစ်သက်လုံးအတူရှိသွားချင်တယ်။

"ကိုကို"

Aurora တွေကိုကြည့်ရင်း ပြုံးပျော်နေသောကိုကို့ကို ရိပေါ်‌ခေါ်လိုက်သည်။

"ပြောလေ ကလေး"

"ကျွန်တော်တို့လက်ထပ်ရအောင်"

"ဟင် !"

အပြာနဲ့အစိမ်းရောစပ်နေသော Aurora အလင်းတန်းတွေ‌ရဲ့အောက်မှာ ကိုကို့မျက်နှာလေးဟာ ရိပေါ်ပြောလိုက်တဲ့စကားကြောင့် အထိပ်တလန့်ဖြစ်သွားခဲ့သည်။

"ဘာတွေလန့်နေရတာလဲ ကိုကိုရဲ့
ကိုကိုနဲ့ရိပေါ်က တစ်သက်လုံးတူတူရှိသွားကြမာ့်လူတွေလေ ၊ အဲ့တာကြောင့် လက်ထပ်ရမှာပေါ့"

"ကလေး !"

"လက်ထပ်မှာနော်ကိုကို၊ ကျွန်တော့်အိမ်မက်ထဲက Aurora အလင်းတန်းတွေရဲ့အောက်မှာ ကျွန်တော်မြတ်နိုးရတဲ့ကိုကို့ကိုလက်ထပ်ခွင့်တောင်းနေတာလေဗျာ...."

သံတမန်အချစ်(Completed)Where stories live. Discover now