Ep(3) U&Z

573 42 0
                                    

Unicode

သံတမန်အချစ်

  သံတမန်အချစ် EP (3)
 
နောက်တစ်နေ့မနက်၌....

ရှောင်းကျန့်လည်း အပြစ်ဒဏ်ခံယူရန် သံတမန်အကြီးအကဲတွေဆီသွားခဲ့သည်။

သံတမန်အကြီးအကဲတွေဆီရောက်သောအခါ....

" ရှောင်ရှောင်းကျန့် အပြစ်ဒဏ်ခံယူဖို့အဆင်သင့်ဖြစ်ပြီလား"

"ဟုတ် ကျွန်တော်အဆင်သင့်ပါပဲ။ဟိုလူကြီး အဆင်ပြေရဲ့လားဗျ"

"ဒီမနက်ပဲ သူသတိရသွားပါပြီ.."
*ကလေးရယ် မင်းအဖေ သတိရသွားပြီ ဆိုတော့မင်းပျော်နေမှာပေါ့နော်  မင်းပြုံးပျော်နေတာလေး မြင်ချင်လိုက်တာကွာ.....*

"ဟုတ်ကဲ့ "

"မင်းကိုပေးမဲ့အပစ်ဒဏ်ကတော့
မင်းလူ့ပြည်ကိုသွားရမှာ.."

"ဗျာ !"

"ဟုတ်တယ် ! အံသြမနေနဲ့ ခဏနေရင် မင်းလူ့ပြည်သွားဖို့ ပြင်ထားတော့ !"

**မင်းအတွက်အမှန်တရားကို ရှာလာခဲ့ပါ။မင်းရဲ့အတိတ်ကိုသွားရှာခဲ့ပါ။မင်းအတွက်...."**

-------

3နှစ်ခန့်ကြာသော်........

ရှောင်အိမ်တော်ထဲ၌....

"ပါးရေ...သားလေးတောင်အရွယ်ရောက်လာပြီနော်"

ရှောင်မားမှ သူ၏သားလေးကိုကြည့်ရင်း သူ၏ ယောင်္ကျားကိုပြောလိုက်သည်။

"ဟုတ်ပါ့ မားရယ်...သားလေးကို မိန်းမပေးစားသင့်နေပြီနော် "

ရှောင်ပါးမှ ပြန်ပြောလိုက်သည်။

"ပါး...!မား...!ဘာတေပြောနေတာလဲ !"

ရှောင်းကျန့်အိမ်ပေါ်ထပ်မှ ဆင်းလာ၍ပြောလိုက်သည်။

"သားလေးလည်းအရွယ်ရောက်လာပြီဆိုတော့ သားကိုအိမ်ထောင်ချပေးရအောင်လို့လေ...""

"ဟာ....မားကလည်းရှုပ်ရှုပ်ရှက်ရှက် မလုပ်ပါနဲ့သားအိမ်ထောင်ရေးကို သားဘာသာပဲ ဆုံးဖြတ်မယ်"

""မရဘူး ! ရှောင်းကျန့်၊မင်းငါတို့သဘောတူတဲ့သူနဲ့ပဲလက်ထပ်ရမယ်။ဒါမဲ့ ဒီအတောအတွင်းမင်းတွဲချင်တဲ့သူနဲ့တွဲလို့ရတယ်။"

သံတမန်အချစ်(Completed)Onde histórias criam vida. Descubra agora