Unicode
(Cm လေးလိုချင်ပါတယ်လို့ အီးဟီး)
သံတမန်အချစ် (11)
ရိပေါ်နှင့်ရှောင်းကျန့် ထိုအဖွားခေါ်ရာနောက်ကို လိုက်သွားကြသည်။ထိုအိမ်ကြီးထဲရောက်သောအခါ တစ်အိမ်လုံးမှောင်မဲနေပြီး အလင်းရောင်ဆိုလို့ မီးတုတ်လေးများသာရှိသည်။ရိပေါ်နှင့်ရှောင်းကျန့် ထိုအိမ်ကြီးထဲကို သေချာလေ့လာကြည့်နေစဉ်
“မင်းတို့နှစ်ယောက်က ကမ္ဘာပေါ်မှာရှားပါးတဲ့ [True Love]ကိုဖြစ်ပေါ်စေမှာ...."
တစ်အိမ်လုံးကို ဟိန်းတက်သွားစေသည့် အသံတစ်သံထွက်လာသည်။ထိုအသံလာရာသို့ ရိပေါ်တို့ပြိုင်တူကြည့်လိုက်တော့ ခဏက ရိပေါ်တို့ကိုအိမ်ထဲခေါ်ခဲ့တဲ့အဖွားဖြစ်နေသည်။
"ဘာကိုလဲ အဖွား !"
ရှောင်းကျန့် ထိုအဖွားအိုကိုကြည့်ပြီးမေးလိုက်သည်။
"မင်းတို့ရဲ့ [True Love] ကအစပျိုးနေပြီ ပြီးတော့ !
မင်းတို့ကြားမှာ အရမ်းကိုကြီးမားတဲ့ လှို့ဝှက်ချက်နဲ့ အမှားကြီးတစ်ခုရှိနေတယ်။""အဖွားဘာတွေပြောနေတာလဲ..."
ရိပေါ် ကတစ်ဖန်ထပ်မေးလိုက်သည်။ထိုအဖွားသည် သူတို့၏အမေးကိုဂရုမစိုက်ပဲ သူ့စကားကိုသာဆက်ပြောသည်။"သူ ! "
ရိပေါ်ကို လက်ညိုးဖြင့်ထိုးလိုက်ပြီး
"သူဝိဉာဥ်တွေမြင်နိုင်တယ်...! "
ရိပေါ်သာမက ရှောင်းကျန့်ပါအံ့ဩသွားသည်။
တစ်ဆက်တည်း ရှောင်းကျန့်တွေးလိုက်မိတာက ရိပေါ်ဝိဉာဉ်တွေမြင်နိုင်တာကို ရှောင်းကျန့်မေ့နေခဲ့ခြင်း။ရိပေါ်ဆီမှ ဘာအသံမှလည်းမကြားရတာကြောင့် ရှောင်းကျန့်ပါ ထိုအရာကို မေ့နေခဲ့သည်။"ခုတော့မမြင်ရတော့ဘူးမလား ! အဲ့တာ .မင်းတို့ရဲ့True love က အစပျိုးလာတာ မင်းတို့နှစ်ယောက်ကို ဂုဏ်ယူပါတယ်။မင်းတို့နှစ်ယောက်ကသာ True love ဖြစ်ခဲ့ရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ဒီကောင်လေးလို ကျိန်စာမခံရတော့ဘူး ! တစ်ကမ္ဘာလုံး ကျိန်စာပြေသွားမှာ......."
ရိပေါ် ငြိမ်၍ ထိုအဖွားပြောတာကို အာရုံစိုက်နားထောင်နေမိသည်။ကိုကိုသာ သူ့ကိုအမှန်တကယ်ချစ်ရင် သိပ်ကောင်းမှာပဲလို့လည်း တွေးနေမိသည်။
BẠN ĐANG ĐỌC
သံတမန်အချစ်(Completed)