Unicode
သံတမန်အချစ်..EP (5)
ဝမ်ရိုချောင်အပေါ်တက်သွားပြီးခနအကြာ ရိပေါ်လည်းအိမ်ပေါ်က ပျော်ရွှင်စွာဆင်းလာခဲ့သည်...။
"ကိုကို အယ် ရှောင်းကျန့် သွားမယ်လေ"
"အွန်း.."
ရှောင်းကျန့်လည်းတည်ငြိမ်စွာဖြင့်ကားပေါ်တက်လာခဲ့သည်။ကားမောင်းနေစဥ်တစ်လျှောက်လုံး ဘာစကားမှပြောခဲ့ကြပေ။မဂ်လာဝတ်စုံဆိုင်ရောက်တော့....
ရိပေါ်တစ်ယောက်တည်းဝတ်စုံတွေနဲ့အလုပ်ရှုပ်နေသည်။ရှောင်းကျန့်ကတော့ထိုင်ခုံမှာသာထိုင်နေသည်။
"ကျန့်ဒါလေးလှလား?ကျန့်ကဘာအရောင်ကြိုက်တာလဲ ""မင်းဘာသာကြိုက်တဲ့အရောင်ရွေးရိပေါ်..အာရုံလာမများနဲ့ !"
သူကဘေးကနေ တတွတ်တွတ်လာပြောနေလို့ အော်လိုက်တော့လည်း ခေါင်းလေးငုံပြီး မျက်ရည် တွေဝဲနေတဲ့ကောင်လေးကိုကြည့်တော့လည်းသနားမိသား.....ဒါမဲ့လည်း ကျနော်သူ့ကိုမုန်းတယ်....။
ကလဲ့စားပြန်ချေရအုန်းမယ်။
လှုပ်ရှားနေတဲ့ နှလုံးသားတစ်စုံကိုလည်း မျက်ကွယ်ပြုထားလိုက်မယ်။----------
မဂ်လာဝတ်စုံဆိုင်ကပြန်အထွက်ကားထဲတွင် ပတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာရှိနေသည်။
ကိုကိုက ဘာလို့လဲ ?သူငါ့ကိုချစ်ရော ချစ်ရဲ့လား....? မချစ်ပဲနဲ့ ဘာလို့လက်ထပ်ဖို့ လက်ခဲခဲ့တာလဲ..
ငါမင်းကိုမချစ်ဘူး ရိပေါ် မင်းကိုမုန်းတယ်။
ထိုစဥ် ကားဘေးကရပ်သွားသည် ကော်ဖိဆိုင်လေးတစ်ဆိုင်ရှေ့မှာပေါ့...။
"ရောက်ပြီဆင်း မင်းနဲ့ပြောစရာရှိလို့ !"
""ဟုတ်....""
ရှောင်းကျန့်လည်း ရိပေါ်ကိုပြောပြီး ကော်ဖီဆိုင်ထဲဝင်သွားလေသည်...။
ဆိုင်လေးက လူသိပ်မရှိပဲ အရမ်းအေးချမ်းတယ်.....။
ရိပေါ်လည်း ရှောင်းကျန့်အရှေ့တွင်ဝင်ထိုင်ပြီး
ကော်ဖီကို သောက်နေကြသည်...။လေထုဝန်းကျင်ကလည်း တိတ်ဆိတ်နေကြသည်။လေအေးများကလည်း တဖြည်းဖြည်းတိုက်ခတ်နေကြသည်....။
KAMU SEDANG MEMBACA
သံတမန်အချစ်(Completed)