Unicode
(Cmလေတွေရေးသွားချင်ကြဘူးလားဟင် ၊ ဖတ်ချင်လို့ပါ🥺)
သံတမန်အချစ် (16)
ဇယ်ဝူကျွင်းနှင့်ရှောင်းကျန့်ကြား လေထုအတော်လေးကိုတိတ်ဆိတ်နေသည်။ဇယ်ဝူကျွင်းကတော့အေးဆေးပေမယ့် ရှောင်းကျန့်က မအေးဆေးနိုင်ပင်။
"ဇယ်ဝူကျွင်း !"
"အင်း...."
"အဲ့တာကိုပြောင်းလဲလို့မရဘူးလား..."
"မရဘူး!"
"ကျွန်တော်အမှန်တရားတွေမသိချင်တော့ဘူး !"
"မင်းအဖေအတွက် တရားမျှတမှု အမှန်တရားကိုမရှာတော့ဘူးလား !"
"ကျွန်တော်....."
ရှောင်းကျန့်ပြောစရာစကားမရှိပေ။ဆုပ်လည်းဆူး စားလည်းရူး ဘဝကို ရှောင်းကျန့်ရောက်နေချေပြီ။
ရိပေါ်နှင့်လည်း မခွဲနိုင်ပေ။ရိပေါ်နှင့်မခွဲနိုင်လို့ အမှန်တရားကိုမသိရင်လည်း ပါးအတွက် တရားမျှတမှုမရှိ။
"ရူးတော့မှာပဲ....!"
"လုပ်လို့ရတာ တစ်ခုတော့ရှိတယ်။!"
"ဘာ ဘာလဲ ဇယ်ဝူကျွင်း!"
"ရှောင်းကျန့် ! မင်းကို ငါက တူလို သားလိုချစ်တာ မင်းအသိဆုံးပါ။ မင်းအခုလိုသွေးပျက်နေတဲ့မျက်နှာအနေအထားက ငါအဆင်မပြေဘူး အဲ့ဒါကြောင့် နည်းလမ်းတစ်ခုတော့ရှိတယ်! "
----------------------------
ရှောင်းကျန့် ဇယ်ဝူကျွင်းနှင့်တွေ့ခဲ့ပြီး အိမ်ကိုပြန်လာခဲ့သည်။သူ့မှာ အချိန်တစ်လ ရှိတယ်။အမှန်တရားကိုသိလို့ သူပျောက်ကွယ်သွားမယ်ဆိုရင်တောင် ရိပေါ်ကျိန်စာကိုဖြေပေးခဲ့ချင်တယ်။ဇယ်ဝူကျွင်းပြောတဲ့နည်းလမ်းကို ရှောင်းကျန့်အသုံးချမယ်။
ရိပေါ်ကိုပျော်ရွှင်စေချင်တယ်။
"ရိပေါ်...!"
"ကိုကို ! ပြန်လာပြီလား"
"အွန်း! ရိပေါ် ကိုယ့်ကို တစ်ခုခုမပြောပြချင်ဘူးလား"
"ဘာကိုလဲ ကိုကို!"
"တစ်ခုခုပေါ့ ! ရိပေါ်လှို့ဝှက်ထားတဲ့တစ်ခုခု"
YOU ARE READING
သံတမန်အချစ်(Completed)