Unicode
သံတမန်အချစ် 13
ရှောင်းကျန့်လည်း ဝမ်ရို ချောင်ချိန်းထားတဲ့နေရာရောက်တော့
"ဘာလဲ ပြော! ခင်များသိသမျှအကုန်ပြော !"
"အဟိုးးး စိတ်လျော့ပါအုန်း.... အခုမှစပြောရမှာလေ နောက်ပိုင်းတိုဖို့ စိတ်လေးလျော့ထားအုန်း "
"တောက် ! ခင်များ ကျွန်တော့်ဒေါသကိုလာစွနေတာပဲ ပြောမှာသာမြန်မြန်ပြော !"
"ငါ့သားလေးကိုဂရုစိုက်ပေးဖို့ပါကွာ...သူ့မှာကနှလုံးရောဂါရှိတယ် ၊ အဲ့တာကြောင့်မို့ မင်းအဖေနှလုံးနဲ့အစားထိုးလဲလိုက်တာ ၊ အခုရိပေါ်ခန္ဓာကိုယ်ထဲမှာရှိတာ မင်းအဖေရဲ့နှလုံးသားအစစ်ပဲ ! ပြီးတော့ ရိပေါ်ရဲ့ အားနည်းချက်က အမှောင်အရမ်းကြောက်တက်တာကွ၊ မင်းအဲ့တာသူ့ကိုသေချာစောင့်ရှောက်ပေးပါကွာ "
ရှောင်းကျန့် ပြန်လာသမျှတစ်လျှောက်လုံး စိတ်နဲ့ လူနဲ့မကပ် ပေ။ ဟိုလူကြီးပြောလိုက်တဲ့စကားတွေက တဝဲလည်လည်..။
ဘာအမှောင်ကြောက်တယ်တဲ့လား ! မင်းနဲ့ငါ တွေ့ပြီပေါ့ ။ ဝမ်ရိပေါ် ! မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ ငါ့ပါးရဲ့နှလုံးကိုငါပြန်ယူမှာ ! ငါမင်းကိုအရမ်းမုန်းတယ် !
---------------
ရှောင်းကျန့် အိမ်ပြန်ရင် ရိပေါ်ကိုတွေ့နေရအုန်းမှာမို့ အိမ်မပြန်ပဲ clubသို့ထွက်လာခဲ့သည်။ရှောင်းကျန့် clubရဲ့ ထောင့်ကျတဲ့ဝိုင်းတစ်ခုကိုရွေးပြီးထိုင်လိုက်သည်။ရှောင်းကျန့် မူးမှာစိုးတာကြောင့်အရက်မသောက်ပဲ ဝိုင်သာမှာပြီးသောက်လိုက်သည်။ရှောင်းကျန့်ဝိုင်သောက်နေစဉ်မှာ သူ၏အနားသို့မိန်းမလှလေးတစ်ယောက်ရောက်လာသည်။ထိုမိန်းမလှလေးသည် သူ၏ကြီးမားသောရင်သားကိုပြချင်တာကြောင့် ဟိုက်သောအကျီကိုဝတ်ဆင်ထားပြီး သူ၏သွယ်လျှပြီးလှပကျောင့်ရှင်းသောခန္ဓာကိုယ်ကောက်ကြောငကိုပြချင်တာကြောင့် ချပ်ကပ်သောစကပ်အတိုလေးကိုဝတ်ဆင်ထားသည်။ပုရိသတို့အမြင်၌ထိုမိန်းမလှလေးသည်စွဲမက်ဖွယ်ရာကောင်းသောလည်း ရှောင်းကျန့်အမြင်တွင်တော့ထိုသို့မဟုတ်ပေ။ရှောင်းကျန့်၏မျက်လုံးထဲတွင် ရင်သားမရှိပဲ ချပ်ချပ်ကပ်ကပ်ကောင်းလေးကသာ စွဲမက်ဖွယ်ရာကောင်းသည်။
YOU ARE READING
သံတမန်အချစ်(Completed)