Ep(8) U&Z

356 34 4
                                    

Unicode

သံတမန်အချစ် 8

ရှောင်းကျန့် ရိပေါ်ကိုရေချိုးခန်းထဲထည့်ထားပြီးတာနဲ့ကျန်းချန်ဆီကိုဖုန်းဆက်လိုက်သည်။

""Hello..."

"အေး.ကျန်းချန်..."

""ပြော ရှောင်းကျန့် ဘာဖြစ်လို့လဲ..."

"ငါမင်းကိုလူတစ်ယောက်ရဲပုံပို့ထားတယ်၊သူ့ရဲ့အကြောင်းအကုန်စုံစမ်းပေး၊ရိပေါ်နဲ့ဘယ်လိုပက်သတ်လဲကအစ ပြီးတော့ ဒီနေ့ညနေမှာဘာတွေလုပ်လဲဆိုတာ‌တွေပါအကုန်အသေးစိတ်စုံစမ်းပေး !"

"အေး အေး...."

ရှောင်းကျန့် ဖုန်းချလိုက်ပြီးရိပေါ်အကြောင်းစဥ်းစားနေရင်းအလုပ်ပြန်လာထဲကပင်ပန်းနေပြီဖြစ်သောကြောင့်အိပ်ပျော်သွားသည်။

--------

   ရှောင်းကျန့်အိပ်ပျော်သွားခဲ့တာ ဖုန်းသံကြားမှနိုးလာသည်။
  
"Hello ကျန်းချန် ပြော !"

"အေး မင်းစုံစမ်းခိုင်းတာရပြီ "

"ပြော !"

"ရိပေါ်က မင်းဘာကြောင့်သူ့ကိုမုန်းနေရလဲဆိုတဲ့အကြောင်း ပြီးတော့. သူ့နှလုံးကဘာလဲဆိုတာ‌တွေအကုန်လုံး သူစုံစမ်းနေတာ..."

""ဘာ !"

""အေး ဟုတ်တယ် ၊ရိပေါ်လည်းသနားပါတယ်ကွာ မင်းအရမ်းမနှိပ်စက်ပါနဲ့ နောက်မှနောင်တမရနဲ့  မင်းစိတ်ကိုလည်းသေချာဖတ်ကြည့်အုန်း၊စိတ်ထဲရှိတဲ့အတိုင်းပဲလုပ်ပါကွာ..."

ရှောင်းကျန့် ကျန့်ချန်ပြောသောစကားများကြောင့်တွေဝေသွားသည်။ ရှောင်းကျန့် ရိပေါ်ကိုချစ်ပါသည် ဒါပေမယ့် မုန်းသည်။

ရှောင်းကျန့်သူ့ဘေးကိုကြည့်တော့ ရိပေါ်ကမရှိ၊ရှိပေါ်ဘယ်သွားနေတာလဲ..?

"ဟာ ! သွားပြီ ! ရိပေါ် !!"

ရှောင်းကျန့်လည်း ရေချိုးခန်းဆီပြေးသွားလိုက်ပြီး ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ မြင်လိုက်ရတာက

"ကိုကို..."

ရှောင်းကျန့် ရိပေါ်ကို ပြေးပွေ့လိုက်သည်။

သံတမန်အချစ်(Completed)Donde viven las historias. Descúbrelo ahora