Unicode
သံတမန်အချစ် 10
ရိပေါ်နှင့်ရှောင်းကျန့် ကမ်းခြေကနေ ဟိုတယ်သို့ပြန်လာခဲ့သည်။ဟိုတယ်ကိုရောက်တော့
"ကိုကို "
"ဗျ "
"ကျွန်တော်တို့မနက်ဖြန်ကြရင် ဗေဒင်သွားမေးရအောင်.."
"ဟင်...ဘယ်နားမှာသွားမေးမှာလဲ ကလေးရဲ့"
"ဒီကမ်းခြေရဲ့တောင်ဘက်နားလေးမှာ ရှိတယ်ဗျ၊ကျွန်တော်စုံစမ်းထားတာ"
"ဟုတ်ပါပြီဗျာ ကလေးသဘော"
"ဟီး"
ရိပေါ်သည် ထုံးစံအတိုင်း သူ၏ပါးဖောင်းဖောင်းလေးများမို့တက်လာအောင် မျက်လုံးလေးများမှတ်ကျသွားအောင် ရယ်ပြသည်။
ရှောင်းကျန့်ကိုအလှဆုံးရယ်ပြနေသော ရိပေါ်ကိုအသည်းယားစွာဖြင့် မနေနိုင် မထိုင်နိုင် ပါးဖောင်းဖောင်းလေးကို သွားကိုက်လိုကိသည်။
"အာ့ ကိုကို ! "
သူ့ပါးလေးကိုလက်နှင့်ပွတ်ပြီး ရှောင်းကျန့်ကိုမျက်ရည်ဥ လေးများတွဲခိုနေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်မျက်စောင်းထိုးကာ အော်ပြောလာသည်။
"အဟင့်"
"ဟော ငိုနေတာလား မငိုပါနဲ့ဗျာ...ကိုကိုကအသည်းယားလို့ကိုက်မိတာပါ။"
"ဟင့် ကိုကိုကိုက်တာနာတယ်လေ"
"ကိုကိုက ဖွဖွလေးကိုက်လိုက်တာပါ"
"ဖွဖွလေးကလည်း ကြည့်ပါအုန်း သွားရာကြီးထင်နေတာ အဟင့်"
ရှောင်းကျန့်ကြည့်လိုက်တော့
"အိုက်ယား ကိုကိုက တကယ်အသည်းယားပြီးကိုက်မိသွားတာပါကလေးရဲ့...၊ဒါပေမယ့်လေ ကလေးကိုကိုက်လိုက်တဲ့အချိန်မှာပိုအသည်းယားသွားတော့ "
"ဟွန့် တော်တော့ အဲ့အသည်းယားလို့နဲ့ပဲ"
"ကလေးကလည်းကွာ..."
ရှောင်းကျန့်ပြောရင်းဆိုရင်းနှင့်ပင် ရိပေါ်ကိုပြေးဖက်သည်။
"သွား လူဆိုး မလာနဲ့"
"ကိုကိုမဆိုးပါဘူးကွာ "
YOU ARE READING
သံတမန်အချစ်(Completed)