Ep(17) U&Z

392 27 2
                                    

Unicode

သံတမန်အချစ် (17)

မနက်မိုးလင်းတော့ ဝမ်ကျိရန်နှင့်တွေ့ရန်ချိန်းထားသောရှောင်းကျန့်ကဦးစွာနိုးနေသည်။ ဝမ်ကျိရန်နှင့်ချိန်းထားသော်လည်း သူ၏ရင်ခွင်ထဲက ကလေးလောက်အရေးမပါပေ...။

ရိပေါ်သည် အိပ်နေသည့်အချိန်ဆို လုံးဝအပြစ်ကင်းစင်သည့်ကလေးတစ်ယောက်နှင့်တူလှသည်။တကယ်လည်း ရိပေါ်သည် အပြစ်ကင်းစင်ပါသည်။

အိပ်နေသောရိပေါ်ကို ရှောင်းကျန့်အုပ်မိုးကာကြည့်လိုက်၍ ဘေးသို့ဖောင်းထွက်နေသော ပါးဖောင်းဖောင်းအိအိလေးကိုကိုင်လိုက်သည်။

နောက်များဆို ဒီပါးဖောင်းဖောင်းလေးက သူ့အပိုင်မဟုတ်တော့ဘူး...။

ရိပေါ်၏ ပါးဖောင်းဖောင်းလေးကိုကိုင်ကြည့်ပြီးလျှင် ရိပေါ်၏မျက်နှာအစိတ်အပိုင်းအားလုံးကို ဖြည်းဖြည်းချင်း ထိတွေ့ကြည့်သည်။

နောက်များ‌ဆို သူဒီလိုထိတွေ့ချင်တိုင်းတောင် ထိတွေ့လို့ရတော့မှာမဟုတ်ဘူး...။

ရိပေါ်၏မျက်နှာအစိတ်အပိုင်းများကိုထိတွေ့ရင်း

"မင်းနဲ့ မခွဲချင်ဘူး၊မင်းနဲဘမခွဲချင်လို့ အမှန်တရားကိုမစုံစမ်းရင်လည်း ပါးအတွက် တရားမျှတမှုမရှိဘူး...။အမှန်တရားကိုရှာဖို့အတွက် ရောက်လာတဲ့ငါက မင်းနဲ့တွေ့တဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေဝေဝါးလာတယ် ကလေးရယ်"

ရှောင်းကျန့် ရိပေါ်၏နှဖူးလေးကို အမြတ်တနိုးဖြင့် စက္ကန့်အတော်ကြာနမ်းရှိုက်လိုက်သည်။

နောက်များဆို သူနမ်းချင်ရင်တောင် နမ်းခွင့်မရှိတော့ဘူး...။
မင်း ကိုယ့်ကိုစောင့်နိုင်ပါ့မလား ကလေးငယ်

ရိပေါ်ကို အချိန်အတော်ကြာငေးကြည့်နေမိပြီးနောက် ရှောင်းကျန့်၏ခန္ဓာကိုယ်စတင် ပေါ်လိုက်ပျောက်လိုက်ဖြစ်လာသည်။အိပ်ယာပေါ်မှ ရေချိုးခန်းထဲသို့အမြန်ပြေးဝင်လိုက်ရသည်။ရေချိုးခန်းထဲရောက်တော့ မှန်အနောက်ကဘူးနီလေးကိုယူလိုက်သည်။ယူလိုက်ပြီး ရူရှိုက်မယ်အလုပ်မှာ ဇယ်ဝူကျွင်းပြောခဲ့သောစကားကိုသတိရသွားသည်။

သံတမန်အချစ်(Completed)Donde viven las historias. Descúbrelo ahora