Ep(14) U&Z

322 30 4
                                    

Unicode

သံတမန်အချစ် (14)

မနက်မိုးလင်းတော့ ရိပေါ်လည်း  အိမ်မှာချက်စရာကုန်နေတာက တစ်ကြောင်း  သူလည်း ဝယ်စရာရှိတာဝယ်ရန်က တစ်ကြောင်း ဒီနေ့ အပြင်သို့စျေးဝယ်ထွက်ခဲ့သည် ။

    ဘုတ်  အင့်

"Sorry ပါဗျ ကျွန်တော်မမြင်လိုက်လို့ပါ !"

"ရပါတယ်ဗျ  ဟင် ! ကော ရိပေါ်ကော !"

"အယ် ကျိရန်  !"

"ကော အဆင်ပြေရဲ့လား ကျွန်တော်တောင် ကောကို လာတွေ့မို့ "

"ဟုတ်လား  ဘယ်တုန်းကရောက်တာလဲ ၊  ကောတောင်မသိရပါလား  ပါးကလည်းမပြောဘူး "

ပါးလို့အသံကြားတာနဲ့ ကျိရန်မျက်နှာပျက်သွားသည်။

(ကောရယ်  ကောကသာ ပါးကိုဖြစ်နေတာ ပါးကကောကို တစ်ခုခုလုပ်နေတယ်၊  ပြီးတော့ ကောသာမွေးစားသားဆိုတာ သိရင် ဒီလိုမျိုးရော ပါးလို့ခေါ်ပါ့မလား )

"ကျိရန် ဘာတွေတွေးနေတာလဲ "

"ဘာမှမဟုတ်ပါဘူး ကောရဲ့တွေ့တုန်းလေး မုန့်သွားစားကြမယ်လေ ၊ ကောရဲ့အမျိုးသားရော   လက်ထပ်သွားတယ်လို့ကြားတယ်  အဆင်ပြေရဲ့လား "

"သူက အလုပ်ရှိလို့ ကောတစ်ယောက်တည်းလာလိုက်တာ   အဆင်ပြေပါတယ်  လာလေ မုန့်သွားစားမယ်  "

ရိပေါ်နဲ့ ကျိရန်လည်း ကော်ဖီဆိုင်လေးတစ်ဆိုင်သို့ထွက်လာခဲ့သည် ၊ကော်ဖီဆိုင်ထဲရောက်တော့ မှာစရာရှိတာမှာပြီး

"ကော နောက်နေ့ကြရင် ကောအိမ်လာလည်လို့ရလား  ကော အမျိုးသားကို တွေ့ချင်လို  "

"ဟင် !"

"အယ် မရဘူးလား  လန့်တာကောရယ်  "

"အမ် ဟို  ရ ရပါတယ် ကျိရန်ရဲ့ ဘယ်တော့လာမှာလဲ  "

""မနက်ပိုင်းလောက်ပေါ့ "

""မလာနဲ့ !"

""ဟမ် !"

"အော် မဟုတ်ဘူးလေ မလာနဲ့ဆိုတာက  မနက်ပိုင်းမလာနဲ့လို့၊ နေ့လည်ပိုင်းလာလေ  ကောချက်ကျွေးတဲ့ထမင်းမစားချင်ဘူးလား  "

"စားချင်တယ် စားချင်တယ် ၊ ကောလက်ရာကို လွမ်းနေတာ၊အဲ့ဒါဆို နေ့လည်မှပဲလာခဲ့မယ်နော်  "

သံတမန်အချစ်(Completed)Where stories live. Discover now