Unicode
သံတမန်အချစ် (19)
ရှောင်းကျန့် ကျိရန်ဆီမှထွက်လာခဲ့ပြီး ဇယ်ဝူကျွင်းဆီသွားရန်ပြင်လိုက်သည်။အရာအားလုံးကိုအပြတ်ရှင်းပြီးသည်နှင့် စိတ်ကောက်ပြီးကျန်ခဲ့သော သူ၏ကလေးကိုသွားချော့ရမည်။
ရှောင်းကျန့် ဇယ်ဝူကျွင်း၏တည်နေရာကိုမသိတာကြောင့် ဖုန်းခေါ်လိုက်သည်။
"Hello...ဇယ်ဝူကျွင်း ဘယ်မှာလဲ"
"...."
"ရတယ် ရတယ်။ကျွန်တော်လာခဲ့မယ်။"
"....."
"ဟုတ် ဒါပဲနော်"
ဖုန်းထဲမှ ဇယ်ဝူကျွင်းပြောပြသောနေရာသို့အရောက်သွားလိုက်သည်။
"ဇယ်ဝူကျွင်း...!"
"ထိုင်ပါအုန်း ရှောင်းကျန့် ၊ မကြာခင်မှာ မင်းကငါတို့ဆီကိုပြန်လာရတော့မယ်။မပျော်ဘူးလား..?"
"ကျွန်တော် မပျော်ဘူး ဇယ်ဝူကျွင်း!"
"Oh..!"
"ကျွန်တော် သူနဲ့မခွဲ နိုင်ဘူး..။"
"လူသားတွေက သိပ်ကိုအစွဲလမ်းကြီးတာပဲကွ...မင်းကိုလွှတ်လိုက်တာ အမှန်တရားရှာဖို့လေ !"
"ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် ဇယ်ဝူကျွင်း..
ပါးအတွက် တရားမျှတမှုကိုမလုပ်ပေးနိုင်ခဲ့ဘူး။
ကျွန်တော်သူ့ကို သိပ်ချစ်မိသွားခဲ့တာ"
ရှောင်းကျန့် ပြောရင်း ခေါင်းကိုအောက်သို့ငုံကျသွားသည်။"ငါ့ကိုကြည့် ရှောင်းကျန့်!"
ဇယ်ဝူကျွင်းပြောစကားကြောင့် ခေါင်းငိုက်စိုက်ကျနေသောရှောင်းကျန့်သည် ဇယ်ဝူကျွင်းကိုမော့ကြည့်လာသည်။
ဇယ်ဝူကျွင်းသည် ရှောင်းကျန့်၏ဘယ်ဘက်လက်ကိုယူပြီး ထိုလက်ပေါ်သို့ အစွမ်းတစ်ခုဖြင့် ပုံတစ်ချို့ရေးချယ်လိုက်သည်။
"ဒါကဘာလဲ ဇယ်ဝူကျွင်း..!"
ရှောင်းကျန့်၏လက်ပေါ်၌ပေါ်နေသော လိပ်ပြာလေး၅ကောင် 🦋၊ သာမာန်မျက်စိဖြင့်မမြင်နိုင်သော်လည်း ထိုလိပ်ပြာလေး၅ကောင်သည် သက်ဝင်လှုပ်ရှားနေသည်ကို ရှောင်းကျန့်မြင်နိုင်သည်။
YOU ARE READING
သံတမန်အချစ်(Completed)