Unicode
သံတမန်အချစ် (18)
ကျိရန်ကော်ဖီဆိုင်ထဲမှထွက်လာပြီး ရှောင်းကျန့်ရှိရာဆီသို့သွားလိုက်သည်။
"ဒီမှာ ကျိရန်"
ကော်ဖီတိုင်ထဲသို့ကျိရန်ဝင်လာတာနှင့် ရှောင်းကျန့်ကလက်ပြ၍ခေါ်သည်။ကျိရန် ရှောင်းကျန့်၏မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
"မင်းဘာသောက်မလဲ.."
"တော်ပြီ "
"အဲ့ဒါဆို ပြောတော့.."
"ဘယ်ကနေတောင်စပြောရမလဲ..."
"မင်းသိထားသမျှအရာတွေအကုန်ပြောပြ!"
"ကျွန်တော်သိထားသမျှ......"
ကျိရန်က စဉ်းစားသလိုဖြင့် အဝေးသို့လှမ်းကြည့်ရင်း
" ရိပေါ်ကောက ဝမ်ရိုချောင်ရဲ့သားအရင်းမဟုတ်ဘူး.."
"ဘာ!"
"ဟုတ်တယ် ရှောင်းကျန့်၊ခင်များမသိဘူးမလား...အင်း သိပ်လည်းအံ့သြမနေပါနဲ့ ! နောက်ဆက်ပြောမယ့်အကြောင်းအရာတွေက ဒီ့ထက်အံ့ဩရအုန်းမှာ...!"
ကျိရန်က အဝေးတစ်နေရာကိုသာတစိုက်မတ်မတ်သာကြည့်ရင်း
"ဝမ်ရိုချောင်ရဲ့သားအရင်းကဘယ်သူလဲဆိုတာကိုရောမသိချင်ဘူးလား..."
"......."
"အင်း....ကျွန်တော်ပဲ..!"
"မင်း.."
"ဟုတ်တယ်။ကျွန်တော်.....! နောက်ပိုင်းဆက်ပြောမယ့်အကြောင်းအရာတွေကိုသိချင်သေးလား...ပြောလို့ရတာမဟုတ်ဘူး၊ခင်များကထထိုးရင်ဘယ်လိုလုပ်မလဲ"
"ပြောစရာရှိတာသာပြောပါ။"
"ရိပေါ်ကောက....ဘာအပြစ်မှမရှိဘူး၊အပြစ်အားလုံးရှိတဲ့သူက ကျွန်တော်ပဲ။"
ကျိရန်ပြောလက်စကို တခဏရပ်လိုက်ပြီး အဝေးကိုကြည့်နေရာမှ ရှောင်းကျန့်ကိုမျက်လုံးခြင်းစုံကြည့်ရင်း
"ပုံပြင်တစ်ပုဒ်ပြောပြမယ် နားထောင်မလား.."
ကျိရန်၏မျက်လုံးထဲတွင် ဝမ်းနည်းခြင်း၊အားနာခြင်းနဲ့ နာကြည်းခြင်းတွေရောယှက်နေသည်။ရှောင်းကျန့် ကျိရန်ကိုကြည့်ရင်း သူဆက်သိရမည့်အမှန်တရားသည် အရမ်းကြီးမားကြောင်းကိုသိလိုက်ရသည်။ကျိရန်အမေးကို ခေါင်းငြိမ့်ရင်းပြန်ဖြေလိုက်သည်။
YOU ARE READING
သံတမန်အချစ်(Completed)