Ep (24) ဇာတ်သိမ်း Unicode

341 19 0
                                    

Unicode

သံတမန်အချစ် (24)

"ကိုကို ကိုကိုဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူးကလေးရဲ့ ၊ ဒီနားလေးကိုမလာခဲ့နဲ့အုန်းနော် ကိုယ်ဒါတွေသိမ်းလိုက်အုန်းမယ်။"

"ဟုတ်ကိုကို ကျွန်တော် တံမြတ်စည်းသွားယူလိုက်အုန်းမယ်နော်"

ရိပေါ်ကိုခေါင်းငြိမ့်ပြလိုက်ကာ ရှောင်းကျန့်ဖန်ကွဲစအချို့ကိုလက်ဖြင့်ကောက်ရန် ကိုင်လိုက်သည်။

သို့သော် ထိုဖန်ကွဲစသည် ခဏကအဖြစ်အပျက်နှင့်ထပ်တူကျစွာပင် ရှောင်းကျန့်၏လက်ထဲ၌ပါမလာပဲ အောက်သို့ပြုတ်ကျတာ အစိတ်စိတ်အမွှာအမွှာထပ်၍ကွဲသွားသည်။

ရိပေါ် တံမြတ်စည်းယူပြီးပြန်လာတော့ နဂိုကွဲထားသောအပိုင်းအစများထက်ပင် အစိတ်အစိတ်အမွှာမွှာထပ်၍ကွဲနေသည်ကို တွေ့လိုက်ရသည်။

ရိပေါ်တို့ဖန်ကွဲစတွေအကုန်သိမ်းပြီးတော့ ကြက်ဥပေါင်မုန့်ကြော်ကိုသာမနက်စာအဖြစ်စားလိုက်ပြီး အိမ်ရှေ့မှာ ရိပေါ်တို့ TVကြည့်နေကြသည်။

TVမှာ ကိုရီးယားနိုင်ငံရဲ့နမ်စမ်းတာဝါ(စာလုံးပေါင်းမှာနေမယ်ထင်တယ်။)မှာ အတွဲတွေက သော့တွဲလေးတွေချိတ်နေတာကို ကြော်ငြာနေတဲ့အစီစဉ်လေးလာနေတယ်။ထိုတာဝါမှာ အတွဲတွေဟာသော့လေးတွေကို သွားချိတ်ရင် ဘယ်တော့မှမခွဲရဘူးလို့မှတ်ယူထားကြတယ်။

ရိပေါ် ထိုအစီအစဉ်ကိုကြည့်နေပြီး သူလည်းကိုကိုနဲ့အတူတူ ထိုနေရာမှာသော့တွဲလေးသွားချိတ်ချင်သည်။သူတို့နှစ်ယောက်ရဲ့အချစ်တွေကို နိုင်ငံအနှံရဲ့နေရာတိုင်းမှာသိမ်းဆည်းထားမည်။တစ်ချိန်ချိန်မှာ သူတို့နှစ်ယောက်ဟာခွဲရမည်ဖြစ်သောကြောင့် အမှတ်တရများများချန်ထားခဲ့ရမည်။

ရိပေါ်သည် ရှောင်းကျန့်ထွက်သွားရမည်မှာဒီနေ့မှန်းမသိပဲ သူ၏တစ်ကိုယ်တော်အတွေးဖြင့်သာပျော်ရွှင်နေသည်။

ရိပေါ်နည်းတူရှောင်းကျန့်လည်း အတွေးများလျက်ရှိသည်။

ခုချိန်မှာ ကျွန်တော်ဘာလုပ်ရမလဲ
သူ့နဲ့နေလို့လည်းမရဘူး
သူ့ကိုခေါ်သွားလို့လည်းမရဘူး။
ပျောက်ကွယ်သွားရုံပဲ.....
ကျွန်တော် ပျောက်ကွယ်သွားရင် သူခံစားရမှာကိုမလိုလားဘူး

သံတမန်အချစ်(Completed)Tempat cerita menjadi hidup. Temukan sekarang