Unicode
သံတမန်အချစ် 9
တိတ်ဆိတ်ငြိမ်သက်သောအခန်းထဲတွင် ဝိုင်ခွက်ကိုလက်တစ်ဖက်က ကိုင်ထားပြီး တစ်ခြးလက်တစ်ဖက်က ဆေးလိပ်ကိုကိုင်ကာ ထိုင်နေသော လူတစ်ယောက် ရှိသည်။ထိုတိတ်ဆိတ်သောအခန်းထဲတွင် ကျယ်လောင်သောဖုန်းသံတစ်ခုထွက်ပေါ်လာသည်။ထိုလူကြီးသည် လက်တစ်ဖက်မှ ဝိုင်ခွက်ကို ခုံပေါ်သို့အသာချကာ လာနေသောဖုန်းကို ကောက်ကိုင်လိုက်သည်။
"Hello သူဋေး !"
"အေး ရှောင်လု ! မင်းဘာသတင်းကြားသေးလဲ.."
"ဟုတ်တယ် သူဋေး သူကအဲ့ကောင်လေးပဲ၊ဒါပေမယ့် ပြန်ဝင်စားတာလား ဘာလဲတော့မသိဘူး.."
"ဟိုတစ်ယောက်ကရော.."
"သူနှိပ်စက်တယ်လို့တော့ သတင်းရတယ် သူဋေး ၊သူဋေးသား ဒီလောက်နှိပ်စက်ခံနေရတာကို သူဋေးဘာမှမလုပ်ဘူးလား..""
""မလုပ်ဘူး ! လုပ်စရာလဲမလိုဘူး။ ! ဆက်စောင့်ကြည့်ထား !"
"ဟုတ်ကဲ့.."
ဖုန်းချသွားသောအခါ ထိုလူကြီးသည် ဝိုင်ခွက်ကိုပြန်လည်ကောက်ကိုင်လိုက်ပြီး သူ၏မျက်နှာထက်တွင် ကောက်ကျစ်ယုတ်မာသောအပြုံးကို ချိတ်ဆွဲထားသည်။ခဏအကြာမှာ သူ၏ဖုန်းသည် နောက်တစ်ခေါက်ကျယ်လောင်စွာမြည်လာသည်။
"hello. ပါး !"
"သားလေး နေကောင်းလား။"
ထိုလူကြီးသည် ခဏကပြုံးနေသောကောက်ကျစ်ယုတ်မာသောအပြုံးနဲ့ လားလားမျှမဆိုင်စွာ ဖုန်းထဲကကောင်လေးကိုတော့ နွေးထွေးသောအပြုံးများဖြင့်ပြုံးရင်းပြောနေသည်။
"ဟုတ်ပါး....နောက်သုံးလလောက်နေရင် သားတောင်ပြန်လာရတော့မယ်။ပျော်လိုက်တာပါး..."
"သားကလည်း ပြန်လာတာ စောလိုက်တာ"
"ဟုတ်ပါး ၊ စောတော့ပိုကောင်းတာပေါ့..."
"အေးပါ၊ပါးလုပ်စရာရှိလို့ဖုန်းချလိုက်တော့မယ်နော်.."
"ဟုတ်ပါး၊ ဒါနဲ့ သားUSကပြန်လာရင်ဘာဝယ်ခဲ့ရမလဲ..."
"ရတယ် ဘာမှမဝယ်ခဲ့နဲ့တော့သား..."
"ဟုတ်ပါး..ဒါပဲနော်.."
YOU ARE READING
သံတမန်အချစ်(Completed)