Unicode
သံတမန်အချစ် (21)
လှပပြီး သာယာတဲ့မနက်ခင်းလေးတစ်ခုမှ ရှောင်းကျန့်မြတ်နိုးရတဲ့အမျိုးသားလေးတစ်ဦးနိုးထလာတယ်။
"အွင်...ဝှား..."
"ကိုကို !"
ရိပေါ် နိုးလာတာနဲ့ မျက်လုံးနှစ်ဖက်ကို လက်ကလေးနှစ်ချောင်းနဲ့ပြိုင်တူပွတ်ဆွဲလိုက်တယ်။ပြီးတာနဲ့ အပြင်းကြောဆန့် ဝှားသန်းပြီးသည်နှင့် ရှောင်းကျန့်နာမည်ကိုအော်ခေါ်ပါတော့သည်။
ထိုအမူအရာများကို ဘေးမှာမတ်တပ်ရပ်၍ မြတ်နိုးသောမျက်ဝန်းအစုံဖြင့်ငေးရင် မှည့်နက်လေးကအပေါ်သို့တွန့်ကွေးနေလေတယ်။
"ကိုကိုရေ..."
ရှောင်းကျန့်ပြန်မထူးမချင်းထိုကလေးဟာ မျက်လုံးမဖွင့်ပဲ အော်နေမှာဖြစ်သည်။
"ကိုကို ဟင့်.."
ရှောင်းကျန့် အတွေးလွန်တဲ့အချိန်က ကလေးကအော်ခေါ်ရင်းငိုလေသည်။
"ကလေး..."
ရှောင်းကျန့် ပြန်ထူးလိုက်မှ မျက်လုံးဖွင့်လာပြီး
"ကိုကို အီးဟီး"
"ဟောဗျာ....ဘာလို့ငိုတာလဲ ကလေးရဲ့၊"
"ကလေးနိုးလာတော့ ကိုကိုမှမရှိတာ"
"ကိုကိုက ကလေးစားဖို့မနက်စာပြင်နေတာလေ၊"
ရိပေါ် ရှောင်းကျန့်ခါးကိုဖက်ထားရင်း
"ကလေး..."
"ဗျာ"
"Morning kiss.."
ရှောင်းကျန့်က နှုတ်ခမ်းဆူပြတော့
"ဟာ ကိုကိုကလည်း၊ ကလေးကမျက်နှာမသစ်ရသေး... အွန့် ကို ကို..."
ရိပေါ်၏ဆက်ပြောမည့်စကားသံလေးများဟာ ရှောင်းကျန့်ရဲ့အနမ်းအောက်မှာပျောက်ရှသွားခဲ့တယ်။
နမ်းနေရင်း အသက်ရူမဝဖြစ်လာသောရိပေါ်ကြောင့် နှုတ်ခမ်းများကို ပြန်မလွှတ်ချက်ပဲ ခဏလွှတ်ပေးလိုက်ရသည်။
"ဟူး...ကို ကို လူ ဆိုး"
စကားပြောဖို့တောင် ကလေးမှာအသက်မနည်းလုရူနေရသည်။
YOU ARE READING
သံတမန်အချစ်(Completed)