Unicode
သံတမန်အချစ် (20)
သုံးလ ဇယ်ဝူကျွင်းပြောခဲ့တဲ့အချိန်သုံးလက နီးကပ်လာခဲ့ပြီ။ဒီ သုံးလအတွင်း ကလေးနဲ့တစ်သက်မမေ့နိုင်တဲ့အမှတ်တရများစွာလည်းရှိခဲ့တယ်။ဇယ်ဝူကျွင်းပေးခဲ့တဲ့လိပ်ပြာငါးကောင်ဟာလည်း ဒီသုံးလအတောတွင်း ပျောက်ပျက်ခဲ့တယ်။
ကလေးရဲ့ ကျိန်စာဆိုးကြီးဟာလည်း အချစ်စစ်ကြောင့်ပျက်စီးသွားခဲ့ပြီ။
လုံလောက်ပါပြီ ကလေးငယ်
ပြီးတော့ ကိုယ်စိတ်ချရပါပြီ။မခွဲချင်ပေမယ့် နောက်တစ်ခါထက်ခွဲရပေအုန်းမည်။"အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးခြင်းမရှိတဲ့" ကိုယ်တို့အချစ်တွေကစစ်မှန်လို့ မဖြောင့်ဖြူးတာနေမယ်။
သုံးလနီးကပ်လာလေ ကိုယ်မခွဲနိုင်လေပါပဲ ကလေးရယ်
"ကိုကို မြန်မြန်လုပ်လေ ခရီးထွက်မယ်ဆို
နောက်ကျနေတော့မယ်။ဘီဒိုကြီးရှေ့မှာ ဘာတွေတွေးနေတာလဲ.."ရှောင်းကျန်း၏ခါးကိုဖက်လိုက်ပြီး မေးလိုက်သည်။
"အဟင်း...ဘာမှမတွေးပါဘူးဗျာ "
"ဟုတ် ၊ အာ့ဆို အကျီလဲတော့နော် ကိုကို"
"ဟုတ်ကဲ့ပါ သခင်လေးခင်ဗျ"
"ကိုကိုနဲ့အခုလို တူတူရှိရတာ စိတ်ချမ်းသာလိုက်တာ၊ကျွန်တော့်ကို ဘယ်တော့မှမထားသွားရဘူးနော်"
ကလေးပြောလိုက်သည့်စကားကြောင့် ရှောင်းကျန့်မလုံမလဲဖြစ်သွားသည်။ထားသွားချင်တာမဟုတ်ပေမယ့် ကံကြမ္မာက ဖန်တီးထားခြင်းသာ...
သို့သော် ကလေးစိတ်မဆင်းရဲစေဖို့ ဖြူစင်သောမုသားလေးဖြင့်"ဒါပေါ့ကလေးရဲ့ ကိုကိုက ဘယ်တော့မှထားမသွားဘူးနော်"
"ကိုကို့ကို ချစ်တယ်မွ..
အကျီလဲပြီး ဆင်းခဲ့တော့"ရိပေါ်ပြောပြီး အောက်ထပ်သို့ပြေးဆင်းသွားသည်။
သူ၏လက်ထဲတွင် မှတ်စုစာအုပ်လေးတစ်ခုလည်း ပါသေးသည်။ရိပေါ်အောက်ထပ်သို့ရောက်သောအခါ..
"ဟူး တော်ပါသေးရဲ့ ၊ ကိုကိုမတွေ့သေးလို့ ဟိ"
သူ၏လက်ထဲမှ မှတ်စုစာအုပ်လေးကိုကြည့်ပြီး သူရယ်မိသည်။ထိုစာအုပ်လေးထဲတွင် Norwayရောက်လျှင် ကိုကိုနဲ့အတူလုပ်ရမည့်အရာများကို အရူးထစွာရေးမိထားခြင်းကြောင့်ဖြစ်သည်။
ESTÁS LEYENDO
သံတမန်အချစ်(Completed)