Unicode
သံတမန်အချစ် 15
"အဲ့တာ ဘာတွေဖြစ်နေကြတာလဲ !"
ရှောင်းကျန့်၏အသံကြားတာကြောင့် ကျိရန်ကိုဖက်ထားရာမှ လွှတ်လိုက်သည်။
"ဝမ် ရိ ပေါ် ! မင်းက ငါမရှိတာနဲ့ လင်ငယ်ကို အိမ်ပေါ်ခေါ်တင်ပြီး ပလူးနေလိုက်တာ ၊ အရှက်မရှိ ! နောက်ထပ်မင်းရဲ့ လင်ငယ်တွေရှိသေးလား !"
"ကိုကို ! ကိုကို ကျွန်တော့်ကို မဟုတ်ဘဲမစွပ်စွဲနဲ့ ကိုကိုထင်သလိုမဟုတ်ဘူး ""
ခွပ် !
ရိပေါ်၏ပါးနုနုလေးကို ရှောင်းကျန့်၏အရှိန်ပြင်းလှသောလက်သီးဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။
"ဘာလဲ ! မင်းက မင်းလင်ငယ်ရှိတော့ ပြန်ပြောတက်နေပြီပေါ့ ! ဘာလဲ ! လင်ငယ်အားကိုးနဲ့လား !"
ရှောင်းကျန့် ထိုးလိုက်သောကြောင့် လဲကျသွားသောရိပေါ်ကို ကျိရန်ကဆွဲထူရင်း
"ခင်များထင်တာတွေ ရှောက်ပြောမနေနဲ့ ! ခင်များက တစ်ကိုကောင်းသမားပဲ ! ခင်များဖြစ်ချင်တာပဲသိတယ် ! တစ်ဖက်ကိုမကြည့်ဘူး...!"
"အဟက် လင်ငယ်ကလည်း သူ့ဟာလေးထိတော့ မခံမရပ်နိုင်တွေဖြစ်နေတာ ၊ အေး တစ်ခုတော့ ပြောလိုက်မယ် ! မင်းရဲ့ဟာလေးရဲ့ ခန္ဓာကိုယ်က မသန့်တော့ဘူးကွ ! ငါနဲ့ဖြစ်ပြီးသွားပြီ !",
ခွပ် !
ကျိရန် ကရှောင်းကျန့်ကိုပြေးထိုးလိုက်သည်။
ရိပေါ် သူ၏ရှေ့တွင် ရှောင်းကျန့်နှင့်ကျိရန်တို့ တစ်ယောက်တစ်လှည့်စီအပြန်အလှန်ထိုးနှက်နေကြသော်လည်း ရိပေါ်ထမဆွဲဖြစ်...။
ကိုကိုက ကိုကိုက ရိပေါ်ကို လုံးဝမယုံဘူး....!
ကိုကိုက မယုံဘူးပဲ...။
အဆုံးအစွန်ထိ ကိုကိုဟာ ရိပေါ်ရဲ့ကိုယ်ကျင့်တရား သိက္ခာကို မယုံဘူး...။
မုန်းလိုက်တာ ခင်များရယ်...။
ကျွန်တော့်ကို မယုံကြည်တဲ့ ခင်များဆီမှ ဆက်မနေချင်တော့ဘူး...။ကျိရန်နှင့်ရှောင်းကျန့် ထိုးနှက်နေကြရင်း ကျိရန်က ရှောင်းကျန့်၏အကျီကော်လံစကိုဆွဲပြီး
YOU ARE READING
သံတမန်အချစ်(Completed)