Ep(23) U&Z

186 11 2
                                    

Unicode

သံတမန်အချစ် (23)

"ကိုကိုက နတ်သားလား"

ကမ္ဘာလောကကြီးဟာ ခေတ္တခဏတိတ်ဆိတ်သွားသယောင်....လေပြေလေညှင်းလေးတွေရဲ့တိုးသံသဲ့သဲ့ဟာ ပြတ်သားစွာကြားနေရသည်။

ကမ္ဘာမြေအပေါ်အစွမ်းကုန်ထွန်းလင်းပေးနေသောလရောင်ဟာလည်း ရိပေါ်ရဲ့မျက်နှာပေါ်သို့ကျရောက်နေသောကြောင့် ရိပေါ်၏ပြတ်သားသောမျက်ဝန်းအစုံကိုမြင်နေရသည်။

ရှောင်းကျန့်နှင့်ရိပေါ်တို့တစ်ယောက်ကိုတစ်ယောက်အကြည့်မလွဲပဲ နင့်နဲစွာကြည့်နေကြရင်း...

"ဟုတ်တယ်။ကိုယ်က နတ်သားပဲ"

"ဘာလို့လိမ်ညာခဲ့တာလဲ.."

"ကိုယ်မလိမ်ညာခဲ့ပါဘူး။
ကိုယ် ကလေးကိုဖွင့်ပြောဖို့ကြိုးသားပါသေးတယ်။
ဒါပေမယ့် ကိုယ်...."

"အချိန်မရှိတော့ဘူးမလား..."

ရှောင်းကျန့်စကားပြောနေရင်းမှာတင် ရိပေါ်ဖြတ်ပြောလိုက်သောစကားကြောင့်စွံအသွားသည်။

"ကိုကို့မှာ နေထိုင်ဖို့အချိန်မရှိတော့ဘူးမလား"

"ကလေး ဘယ်လိုလုပ်.."

"ကျွန်တော့်ကိုမညာပါနဲ့တော့။ကျွန်တော်တို့အတူတူကြိုးစားရအောင်လေ...၊နတ်သားတစ်ယောက်ကလည်း လူဖြစ်လာနိုင်မှာပါ။"

"အဲ့တာက စာအူပ်တွေထဲမှာပဲရှိတယ်။
အပြင်မှာ သေချာပါ့မလား ကိုယ်မသိဘူး "

"ဒါ့ကြောင့် ဒါ့ကြောင့်လေ ကိုကိုတစ်ယောက်ထဲခံစားနေမယ့်အစား ကျွန်တော်တို့အတူတူကြိုးစားရအောင်လေ"

ရိပေါ်၏မျက်နှာလေး၏လရောင်၏အကူအညီကြောင့်ထင်းလင်းစွာမြင်ရသည်ည်။ရိပေါ်၏မျက်ဝန်းဝိုင်းဝိုင်းထဲမှ ရစ်သိုင်းနေသောအရည်ကြည်လေးများကအစ မြင်နေရသည်။

ရှောင်းကျန့်ရှိရာသို့ကမ်းပေးလာသောလက်အစုံကြောင့်

"လာပါကိုကို အတူတူကြိုးစားကြမယ်လေ။
ကိုကို့ရဲ့အချစ်ကြောင့် ကျွန်တော့်ရဲ့ကျိန်စာပြေခဲ့တာပဲ၊ကျွန်တော့်ရဲ့အချစ်ကြောင့် ကိုကိုရဲ့ကျိန်စာလည်းပြေစေရမယ်။"

သံတမန်အချစ်(Completed)Where stories live. Discover now