Unicode
သံတမန်အချစ် 12
ရှောင်းကျန့် ဝမ်ရိုချောင်နှင့်ဖုန်းပြောပြီးသည်နှင့် ဒေါသအလွန်ထွက်နေချေသည်.....။
"တောက်.. ! "
ကြီးမားသောအခန်းထဲတွင် ရှောင်းကျန့်၏ဒေါသကြောင့် တောက်ခေါက်သံပြင်းပြင်းထွက်လာသည်။
"ဝမ်ရိပေါ် ! အဲ့စကားကိုကြားရင် ငါမင်းကိုသေလောက်အောင်မုန်းတယ် ! မင်းကဒီလောကကြီးထဲမှာ ရှင်သန်မလာသင့်ဘူး ! မင်းသာလောကကြီးထဲမှာမရှိရင် ငါ့ပါးလည်း ဒီလိုဖြစ်စရာမလိုဘူး ! မင်းကသေသင့်တဲ့သူပဲ !
ဝမ် ရိ ပေါ် ! "ရှောင်းကျန့် သူ၏အခန်းထဲတွင် ဒေါသများထွက်နေစဉ် သူလွှင့်ပစ်ထားသောကြောင့်အဝေးရောက်နေသောဖုန်းမှ အသံထမြည်လာသည်။
"ဝေ့ ရှောင်းကျန့် "
"အေး ! ပြောကျန်းချန်..."
" ငါမင်းကိုပြောစရာရှိလို့ ၊ ရိပေါ်ကလေ ဟိုအဘိုးကြီးရဲ့ သားအရင်းရောဟုတ်ရဲ့လား ! ငါမင်းသူ့ကိုနှိပ်စက်နေတာတွေကို သွားပြောပြတာတောင် မျက်နှာလေးတစ်ချက်တောင်မပျက်ဘူး ! ပြီးတော့ ငါ့အထင် သူပြုံးနေသလိုပဲကွ!"
"ဘယ်လို !"
"အေး ဟုတ်တယ် ၊ အဲ့တာမင်းလက်မလွန်ခင် အဲ့ကိစ္စပြန်စုံစမ်းသင့်တယ် "
"အေးပါ အဲ့ဒါဆိုလည်း အကူညီတော့တောင်းမယ် ၊ မင်းပြန်စုံစမ်းပေးထားကွာ ငါစိတ်တွေအရမ်းရှုပ်နေလို့ "
"အေး အေး ဒါပဲနော် ၊ မင်းရိပေါ်ကို လက်မလွန်စေချင်လို့ပါ ရိပေါ်က မင်းကိုအရမ်းချစ်တာ....""
"ငါသိတယ်။"
"သိရင်ပြီးတာပဲ တစ်ခါတစ်လေ လေးလည်း ကိုယ့်စိတ်ကိုဖွင့်ချလိုက်ပါ။မြိုသိပ်မထားစမ်းပါနဲ့ !"
ကျန်းချန်ကို စကားမပြန်တော့ပဲ ဖုန်းကိုချလိုက်သည်။
ဒီညတော့ ရှောင်းကျန့် ဘာမှမစဉ်းစားတော့ပဲ အိပ်လိုက်သည်။သူ၏အတွေးထဲမှ ရိပေါ်ကိုရော သူ၏ပါးကိုရောခဏထုတ်လိုက်ပြီး ဘာကိုမှမတွေးပဲ အေးချမ်းစွာအိပ်လိုက်သည်။
YOU ARE READING
သံတမန်အချစ်(Completed)