ကျနော်တို့ နှစ်ယောက်လုံးရဲ့ ပထမဆုံး

6.2K 62 2
                                    

A/N- Boy X Boy, First time

နာမယ်က မိုးထက်ယံ။ အသက် ၂၃။ အိမ်တွင်းခြောက်။ အဓိပ္ပာယ်က အိမ်ထဲမှာပဲ ‌ခြောက်တာ။ အပြင်ရောက်ရင် မခြောက်တော့ဘူး။ အိမ်ထဲမှာတောင် လွတ်လွတ်လပ်လပ်မခြောက်ရဲဘူး။ ဦးလေးက ရှေးရိုးစွဲ ဟိုမိုဖိုးဘစ်။ အဖေကတော့ ဆုံး‌သွားပြီမို့ ကြောက်ဖို့ တစ်ယောက်တော့လျော့သွားတယ်။ အဖေဆုံးပြီးနောက်ပိုင်း ဦလေးကပဲ အမေနဲ့ ကျနော်တို့ကို ရှာကျွေးခဲ့တာဆိုတော့ ကြောက်လေးစားရတယ်။ ဦးလေးက ကျနော့်ကိုတော့ ချစ်ရှာပါတယ်။ အလိုလိုက်တယ်။
ဒါပေမယ့် ကျနော်ရဲ့ ဖြစ်တည်မှုကိုတော့ လက်ခံနိုင်မယ် မထင်ဘူး။ ဦးလေးက အမြဲပြောနေကြ။ အခြောက်တွေ ကြည့်မရဘူးဘာညာနဲ့။ အပြင်မှာ ဂေးအတွဲ‌လေးတွေ့ခဲ့တော့ အိမ်ရောက်တဲ့ အခါ အမေ့ကို ပြန်ပြောတယ်။

"အမရယ် နှစ်ယောက်လုံး ကြည့်တော့ ယောကျာ်းလေးတွေ။ လက်ကိုတွဲလို့။ အော် ရိုးရိုးသားသား သူငယ်ချင်းတွေနေမှာပါလို့ တွေးတာ။ မဟုတ်ဘူးဗျာ။ ပါးနမ်း လက်မောင်းနမ်းလုပ်နေတာ ယောကျာ်းအချင်းချင်းကို။ ကျနော်လေ အသဲတွေ ယားလိုက်တာ။ ကျနော့်တူသာဆို သောက်ခွက်တွေချည်း ရိုက်မှာ"

အဲ့လိုရယ်။ ကျနော် ဘာမှတော့ ပြန်မပြောလိုက်ဘူး။ စိတ်ထဲကတော့ ကြိတ်ပြီး
"အော် ကြည့်မရအောင် သူ့ဖင်လာချနေတာကြနေတာပဲ"။ ‌ပြီး‌မှ အော် မစော်ကားကောင်းပါဘူးလေ။ ကိုယ့်ကို ထမင်းကျွေးနေတာကို။
အော် ဒါနဲ့ အသက် 23ရှိနေပြီ အလုပ်မလုပ်သေးဘူး သိချင်နေတာလား။ ကျနော် မပြီးဆုံးနိုင်တဲ့ နည်းပညာတက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာ တက်နေတာ‌လေ။ ကြားထဲ စာမေးပွဲကလည်း ကျထား‌သေးတာဆိုတော့။ ခုချိန်ထိ မုန့်ဖိုးလက်ဖြန့်နေရတုန်း။

အဲ့တော့ အစောက စကားကို ပြန်‌ပြင်ရရင် တစ်ယောက်ထဲခြောက်လို့ ပြောရမယ်။ တကယ်ပြောတာပါ။ ခုချိန်ထိ ယင်ဖိုရော ယင်မရော ယင်ခြောက်ရော မသန်းဖူးသေး။ ရည်းစားလား။ စော်တော့ ထားဖူးတယ်။ သူ့ဟာသူ ဘာမှန်း မသဲမကွဲဖြစ်ခဲ့တုန်းကပေါ့။ ဉာဏ်ကောင်းတာကသပ်သပ်။ ဒါပေမယ့် ရှေးရိုးစွဲတဲ့ အိမ်မှာနေခဲ့ရတော့ ဂေးတာကို အပြစ်ရှိတယ်လို့ ထင်ခဲ့တယ်။ အပြစ်တစ်ခုလို့ သတ်မှတ်ခဲ့တယ်။ အဲ့တော့လဲ ကိုယ့်ကိုယ်ကိုယ် မဂေးပါဘူးဆိုပြီးပဲ စိတ်ထားခဲ့တာ ဆယ်တန်း ဖြေပြီးတဲ့အထိပဲ။ ဒါပေမယ့်မရပါဘူး
အခြောက်ပန်းမည်သည် ပွင့်ချိန်တန်လို့ကတော့ ဘုရားသခင်ပင် တားဆီးလို့မရဘူး။ အဖိုကောင် ချောချောလေးတွေ မြင်ရင် ရင်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီး ဖြစ်တယ်။ အော် ငါ အားကျနေတာဖြစ်မှာပါလို့ ဆိတ်သရေဖုံးအတွးကို တွေးတယ်။ ဒါပေမယ့် ထန်းလျက်နဲ့ ကာလို့မရပါဘူး။ လောကမှာ အပင်ပန်းဆုံးက ကိုယ့်ကိုယ်ကိုယ် လိမ်ရတာပဲ။ အဲ့ထက်ပင်ပန်းတာက အဲ့တာကို သိနေတာပဲ။

Genoရဲ့အပြာရောင်အရေးအသားများOnde histórias criam vida. Descubra agora