အီဗန်POV
သူတို့က ဘောလီဘောဆော့ချင်ကြတယ်။
ဒဲရက်၊ ပေါနဲ့ ကျန်တဲ့သူတွေ ဇကာအတွက်လုပ်နေတာကကို ခုံတန်းရှည်ပေါ်မှာ ထိုင်ပြီး ကြည်နေတယ်။ ကောင်မလေးတွေက အရောင်တောက်ပတဲ့ two piece ဘီကီနီလေးတွေနဲ့ ချစ်စရာကောင်းနေကြတယ်။ ရယ်လို့ မောလို့ ကောင်လေးတွေက သူတို့ကို ရေကန်ထဲ ပစ်ချဖို့ ကျီဆည်ကြတော့ အော်လို့ဟစ်လို့နဲ့။ ကောင်လေးတွေအနေနဲ့တော့ ကျနော်တို့တွေ အင်္ကျီကိုချွတ်ထားကြပြီး နွေးထွေးတဲ့နေရောင်တွေ ကျောပေါ်ကြတာကို ခံစားကြတယ်။ တစ်ယောက်က စပီဒိုတွေဝတ်ဖို့ဟာသလုပ်ပြောပေမယ့် ရေကူး ဘောင်းဘီကိုပဲဝတ်ကြဖို့သဘောတူတာကို ကျေးဇူးတင်ဖို့ကောင်းတယ်။
"ဒဲရက် ခွေးကောင်" ဒဲရက်က သူ့ကို ရေဘောလုံးနဲ့ပစ်တော့ အေနီကအော်တယ်။ အေနီက တုတ်ချောင်းတစ်ချောင်းကောက်ပြီး လိုက်ရိုက်တော့ ကျနော် ပြုံးမိတယ်။ ဒဲရက်က စနောက်ရင်း သူ့ရိုက်ချက်တွေကို ရှောင်နေတော့ အကုန်လုံးက ရယ်ကြတယ်။ ကာရိုလိုင်းက ရေဒီယိုကို အသံချဲ့လိုက်တယ်။ မိုင်လီဆိုင်းရပ်ရဲ့ party in the usaကလာနေတော့ သူက သီချင်းကို လိုက်ဆိုတယ်။ ဒေစီက သူ့ကို ဝိုင်ဂွိုင်းပြီးတော့ ရယ်ရယ်မောမောနဲ့ ကနေကြတယ်။
"အူဝီး" ချာလီက လက်ခုတ်တီးပြီး လေချွန်တယ်။
"လှုပ်လိုက် ဘေဘီ။"
ဂျို့နဲ့ ဒရူးကလဲ ဝင်ပြီး အားပေးတယ်။
အလုပ်တွေ အကုန်လုံးကို အမှန်လုပ်နေရတဲ့သူကတော့ ပေါတစ်ယောက်ထဲ။ ခိုင်ခိုင်မာမာဖြစ်အောင် ဘောလီဘောကွန်ဇကာကို ပြင်လိုက် ညှိလိုက်လုပ်နေတယ်။ ဒီနေ့မှ ရောက်လာတဲ့ နောက်ဆုံးအဖွဲ့ဝင်မေရီကတော့ သူ့ကို ဝင်ကူဖို့လုပ်ပေမယ့် ဝိုင်းလှည့်ပြီး ပြေးဆော့နေတဲ့ အေနီနဲ့ ဒဲရက်ကို ငေးကြည့်ပြီး မလုပ်နိုင်ဖြစ်နေတယ်။ကျနော်က အဲ့တာတွေ အားလုံးကို ထိုင်ကြည့်ပြီး ပြုံးနေမိတယ်။ ရေကန်မှာ ကျနော်တို့တစ်ဖွဲ့ထဲရှိတာမဟုတ်ဘူး။ ကလေးတွေက သူတို့မိဘတွေနဲ့ရေကစားလို့။ ဆယ်ကျော်သက်တွေကလဲ ပြေးလွှားပြီး ရေသေနတ်နဲ့ ဆော့ကစားနေကြတယ်။ ဘယ်ဘက်ကို လှည့်လှည့် လေထဲမှာ အသားကင်နံ့က မွှေးလို့နေတယ်။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်