အထက်တန်းကျောင်းက အတင်းအဖျင်း (၁၅)

994 42 6
                                    

အီဗန်ရဲ့ POV

သူ့နှုတ်ခမ်း ကျနော့်ဆီ ကျလာတော့ ကျနော် လန့်ဖြန့်သွားတယ်။

သူ ကျနော်နဲ့ မထိခင်မှာပဲ ကျနော်လက်နှစ်ဖက်လုံးနဲ့ မေးရိုးအောက်‌ကနေဖမ်းပြီး ဆွဲတွန်းလိုက်တယ်။ ရုတ်တရပ် အံ့ဩတာနဲ့ မိသွားတော့ ဒဲရက် သဲပြင်ပေါ် ဖင်ထိုင်လျက်ကျသွားတယ်။ သူ ကြောင်အနေတုန်းကို အခွင့်ကောင်းယူပြီး သူ့ဆီကနေ ပြေးဖို့လုပ်တယ်။

ဘယ်လိုနည်းနဲ့မှ ကျနော့်ကို အဲ့လိုထပ်လုပ်တာ မခံနိုင်တော့ဘူး။ နမ်းတယ် ပြီးရင် ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်တယ်။ အဲ့လိုနာကျင်မှုမျိုးကို ထပ်ကြုံရဖို့က များလွန်းတယ်။ ဒဲရက်က များလွန်းတယ်။ အရှက်မရှိတဲ့ သူတောင်းစား။ တစ်ခဏမှာ သူက ယောင်္ကျားတွေကို နမ်းတာ မမှန်ဘူးလို့ပြောပြီး နောက်ခဏနေတော့ သူကိုယ်တိုင်က လာနမ်းတယ်။ ဘာလဲ။ သူက ကျနော်ကို သူတော်စင်လို့‌ထင်နေတာလား။ လူအများ ယုံကြည်မှုအရတော့ ကျနော်က မဟုတ်ဘူး။ ကျနော်က လူတစ်ယောက်သက်သက်ပဲ။

သူ့ရဲ့သောက်ရူးလိုbest friendကိုမှ ချစ်မိတဲ့ လူတစ်ယောက်။

"အီ‌ဗန် ဒီကို ပြန်လာခဲ့"

"ကိုယ်ဟာ့ ကိုယ်သာ သွားလိုးလိုက် ဒဲရက်" ကျနော် လှည့်မကြည့်ပဲနဲ့ ထွက်လာခဲ့တယ်။ သူက ကျနော့်နောက်ကနေ ထပ်ပြီး လှဲချဖို့ဆိုတာ သိနေခဲ့တာမို့ လှည့်မကြည့်ခဲ့သင့်တာပဲ။ နောက်ကနေ လာပြီး လှဲချတော့ ကျနော့် ခန္ဓာကိုယ်က ရှေ့ကို ပစ်ကျတယ်။ ငါးမိနစ်လောက်အတွင်းမှာပဲ ဒုတိယအကြိမ်မြောက် ကျနော်တို့ သဲပြင်ပေါ် နဘမ်းလုံးရတော့တာပဲ။

"ငြိမ်ငြိမ်နေ"

"သောက်ရူး! ဒဲရက် ဖယ်စမ်း"

"မင်း ဘာလို့ ဆဲနေတာလဲ။ မဆဲတက်ပဲနဲ့။"

"ဘာလဲ မင်းတစ်ယောက်ထဲ ဆဲလို့ရတာလား"

ကျနော်တို့အောက်မှာ ထပ်ပြီး လုံးပန်းပြန်တယ်။ မောသံဟိုက်သံနဲ့ပဲ တစ်ယောက်ကို တစ်ယောက် ဆဲတယ်။ အဲ့လိုတွေလုပ်နေရင်းနဲ့ကြားထဲမှာ ကျနော်တို့ ဘာတွေလုပ်နေတာလဲဆိုတာကို စဉ်းစားနေတယ်။ သဲပြင်မှာပေါ်မှာ ဖိုက်တင်ပလေးနေတာ ဘာများဖြစ်မှာမို့လဲ။ ဘာမှကို မဖြစ်ဘူး။ မျောက်နှစ်ကောင်လို နှဘမ်းလုံးနေတာ တစ်ယောက်ယောက်များမြင်သွားရင် အရှက်ရတာပဲရှိမှာ။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now