အထက်တန်းကျောင်းက အတင်းအဖျင်း (၂၈)

871 16 4
                                    

ပေါရဲ့ POV

(T/N- ပေါရဲ့ တစ်ခုတည်းသော အခန်းပါ။)

သူက တကယ့်ကို ဖြူဖျော့နေတာပဲ။

မီးဖိုချောင်တံခါးကနေ ရှယ်လီ့ရဲ့ နွမ်းဖက်နေတဲ့ ရုပ်ရည်ကို လှမ်းမြင်မိတယ်။ ထိုင်ခုံပေါ်ကနေ အိမ်ကို ဟိုငေးဒီငေးလုပ်နေရင်း တုန်ရီနေတယ်။ ကြောက်ရွံနေတဲ့ ယုန်ငယ်လေးလိုပဲ။

ဘယ်သူမှတော့ မသိဘူး။ ကျနော်နဲ့ ရှယ်လီက မူကြိုမှာကတည်းက သိခဲ့ကြတာ။ သူ့အမေမဆုံးပါးခင်ကတည်းက အခုလို ကျနော့်အရှေ့က ခိုကိုးရာမဲ့ သတ္တဝါမဖြစ်ခင်ကတည်းကပဲ။ သူ ဘယ်လိုဖြစ်သွားရတာလဲ။ သူ အရင်ကဆို ဉာဏ်လဲကောင်းပြီး ပျော်တက်ရွှင်တက်၊ နွေးထွေးမှုရှိပြီး အမြဲလို ပြုံးရွှင်‌ရယ်မောနေတက်တဲ့ ကောင်မလေး။ ဒါပေမယ့် သူ့အမေဆုံးပြီးကတည်းက သူ့ရဲ့ကိုယ်ရောင်တွေဟာ အဆုံးသတ်သွားခဲ့တယ်။ သူနဲ့ သူ့အဖေက ဟိုးအဝေးကြီးကို ပြောင်းရွေ့နေခဲ့ကြပြီးမှ ဒီမြို့ကို ပြန်ရောက်လာခဲ့ကြတာ။

ဒါပေမယ့် ကျနော် သိခဲ့ဖူးတဲ့ ရှယ်လီက မရှိတော့တာကြာပြီ။

"ရှယ်လီ?" ကျနော် သူ့နားကို ဖြည်းဖြည်းပဲ ကပ်သွားလိုက်တယ်။

သူက ကျနော့်ကို ကြည့်ပြီး မျက်တောင် ခတ်တယ်။
"အဲ့တာက ဘာလဲ"

ကျနော် သူ့ကို ကျနော့်လက်ထဲကခွက် ကမ်းလိုက်တယ်။
"ချောကလက် အပူ"

သူက ခန‌တာ တုံ့ဆိုင်းပြီးခါက
"ကျေးဇူး" လို့ပြောပြီး လက်လှမ်းယူတယ်။

ကျနော် သူ့အရှေ့မှာ ထိုင်လိုက်ပြီး
"ရှယ်လီ။ ဒဲရက်နဲ့ အီဗန်က ဒီကို လာတဲ့လမ်းမှာ"

"ငါသိပါတယ်"

"ငါတို့ ဘာကိုလိုချင်တယ်ဆိုတာ နင်သိတယ်မလား"

ရှယ်လီက ခေါင်းညိမ့်တယ်။
"ဖြေရှင်းချက်"

"နင် ငါတို့ကို ပြောပြမှာလား"

သူမက အဝေးကို ကြည့်ပြီး စကားလွှဲလိုက်တယ်။
"နင့် အိမ်က မိုက်တယ်နော်"

ကျနော် သက်ပြင်းချလိုက်တယ်။
"ကျေးဇူးပဲ"

"နင် ကံကောင်းတယ်သိလား" ရှယ်လီက ပြောတယ်။
"နင့်မှာ မိဘနှစ်ယောက်လုံးရှိသေးတဲ့အပြင် ချမ်းလဲ ချမ်းသာတယ်။"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now