အထက်တန်းကျောင်းက အတင်းအဖျင်း (၂၀)

1.1K 33 5
                                    

အီဗန် POV

နေ့လည်စာအတွက် အတန်းဆင်းတော့ ကျနော် ဂရက်ကို အသေအချာပြောခဲ့တယ် တကယ်လို့ ဒဲရက်လာရှာခဲ့ရင် သူငယ်ချင်းတစ်ယောက်နဲ့ ထွက်သွားတယ်လို့ပြောဖို့ကို။ သူ အဲ့လောက်ပဲ သိသင့်တယ်။ သူ တကယ်လို့ ကျနော် ဘာလုပ်မယ်ဆိုတာကို သိရင်၊ ကျနော် ရှယ်လီနဲ့ သွားတွေ့မယ်ဆိုတာကို သိရင် တားမှာပဲ။

ကျနော် ဘေးပတ်ချာလည်ကို ကြည့်ပြီး လူအုပ်ထဲ ဒဲရက်ရှိမနေဖို့ကို မျှော်လင့်မိတယ်။ ကျနော် သူ့ကို မတွေ့ဘူး။ ဒါပေမယ့် ရှယ်လီ့ကိုတော့ တန်းတွေ့တယ်။ ဂျင်းစကပ်အပြာနဲ့ စွပ်ကျယ်ပန်း‌ရောင်ကိုဝတ်ထားတယ်။ နံရံမှာ မှီပြီး ရပ်နေတယ်။ သူ့ရဲ့ အနီဖျော့ဆံပင်က လူကြားထဲမှာ မီးပြတိုက်တစ်ခုလိုပဲ။ ကျနော် သူ့နားကို သွားတော့ ဒဲရက်တွေ့သွားမှာကို စိုးရိမ်နေမိသေးတယ်။

"သွားမယ်" ကျနော် သူ့ဆီရောက်တော့ ပြောလိုက်တယ်။

ရှယ်လီက ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်တယ်။
"အိုကေ"

ကျနော်တို့ အဆောက်အဦထဲက အတူ လမ်းလျှောက်ထွက်တော့ စပ်စုတဲ့အကြည့်တွေ ကျနော်တို့ဆီရောက်လာတယ်။ ကျနော် စိတ်ထဲ ကျိန်ဆဲလိုက်တယ်။ ဂရက်ကို ဒဲရက်လာရင် ပြောဖို့မှာခဲ့တာက အရေးမပါတော့မှန်း အခုမှ သတိထားမိသွားလို့။ တစ်ကျောင်းလုံးရဲ့ အာရုံက ကျနော်တို့ဆီမှာ ရှိနေတယ်ဆိုတာကို ကျနော် မေ့သွားတယ်။ ရှယ်လီရှိန်းနဲ့ ကျောင်းထဲက ထွက်သွားတာကို တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဒဲရက်ကို သွားပြောမှာ အသေအချာပဲ။

ကျနော် ဗိုက်ကြီးအောင် လုပ်လိုက်တယ်ဆိုပြီး စွပ်စွဲထားတဲ့ မိန်းကလေး။

သူ့ကို ကားရဲ့ ပါဆင်ဂျာခုံဘက် တံခါးကိုဖွင့်ပေးလိုက်တယ်။ သူဝင်ထိုင်ပြီးမှ တံခါးကို ပိတ်လိုက်တယ်။ ကျနော် ကားကိုပတ်ပြီး မောင်းသူနေရာက ဝင်ထိုင်ပြီး ကားစက်နှိုးပြီး တံခါးပိတ်လိုက်တယ်။ ဒဲရက် ရောက်မလာခင်မှာ ကားပါကင်ကနေ မောင်းထွက်သွားလိုက်တယ်။

"အီဗန်..." ရှယ်လီက စပြောတယ်။
"ငါနဲ့ စကား‌ပြောဖို့လက်ခံပေးတာကို ကျေးဇူးတင်ပါတယ်"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now