အထက်တန်းကျောင်းက အတင်းအဖျင်း (၂၅)

776 19 5
                                    

ဒဲရက် P.O.V

ရှယ်လီ့ရဲ့ကလေးအဖေအဖြစ် ဟန်ဆောင်နေမယ်လို့ ပြောတုန်းက ကျနော် အီဗန့်မျက်နှာကို ဆွဲထိုးလိုက်ချင်တာ။

ကျနော် ပြောတာကဗျာ အဲ့ကောင် ဘယ်လို ဦးနှောက်နဲ့တွေးနေတာလဲ။ ရှယ်လီဆိုတဲ့ဟာမက တ‌စ်ကျောင်းလုံးကို သူ့ကလေးရဲ့အဖေက အီဗန်ပါဆိုပြီး လိမ်ညာစွတ်စွဲခဲ့ပြီးတာတောင် သူက အပြစ်မပေးတဲ့အပြင် ဆုပါချချင်နေသေးတာလား။ ဘယ်လို အဓိပ္ပာယ်နဲ့များ ဘယ်လို စဉ်းစားလဲ။ အဲ့ကောင် ဦးနှောက်ပျက်နေတာလား။

အဲ့ဒီ့ညက ပူလောင်နေတဲ့ကျနော်ရဲ့ မနာလိုတဲ့ခံစားချက် သစ္စာဖောက်ခံရတဲ့ဆိုတဲ့ ခံစားချက်တွေက ကျနော့်ကို အုပ်မိုးထားလို့ ကျနော် ဘာမှကို မလုပ်နိုင်ပဲ ဒီကောင့်ကိုသာ ရိုက်ခွဲချင်နေတာ။ ရှယ်လီက မိန်းကလေးဖြစ်နေလို့ ထိမရဘူး‌ဆိုပေမယ့် ဒီကောင်ကတော့ လုပ်ရတယ်။ အတွေးမှန်တွေ ဒီကောင့်ခေါင်းထဲ ပြန် ရိုက်သွင်းပေးလိုက်ရမှာ။

ခွေးသူတောင်းစား။

ကျနော့်ကို ပိုပြီး ကိုယ်ချင်းစာတရားထားဖို့ကို ပြောရဲသေးတာ။ ဒါပေမယ့် ကျနော် ဘယ်လိုထားမလဲ။ အရာရာအားလုံးက ရှယ်လီ သူ့ကိုယ်သူ လုပ်ခဲ့တာတွေချည်းပဲ။ တစ်မြို့လုံး တစ်ရွာလုံးကို ပေါင်ကားပေးဖို့ ဘယ်သူမှ သူ့ကို မတိုက်တွန်းခဲ့ဘူး။ သူနဲ့ ထိုက်တန်တာပဲ သူဖြစ်ခဲ့တာလို့ ကျနော်တော့ ယူဆတာပဲ။ သူ အဲ့တာတွေကို နောင်တရကောင်း ရချင်ရမယ်။ ဒါပေမယ့် သူနဲ့အတူ အီဗန့်ကို ဆွဲချသွားမှာကိုတော့ ဘယ်လိုနည်းနဲ့မှ ကျနော် ခွင့်မပြုနိုင်ဘူး။ သူတောင်းစားက အဲ့တာကို မဟုတ်ဘူး။ သူတို့ကြားက သဘောတူညီမှုက ကျနော့်ကိစ္စမဟုတ်ဘူးဆိုပြီး ပြောတယ်။

အခု အဲ့တာက.....ကျနော့်ကို ဟို အစွန်တစ်နေရာကို ပို့လိုက်ပြီ။ ဒီဟာမ ဒီလောက်တောင် ကျနော်တို့ကို လုပ်ထားတာကို အရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ‌အဲ့ခွေးမကို ဘယ်လိုများ ကာကွယ်နေနိုင်ရတာလဲ။ ဒီလောက်တောင် သူ့အပေါ် ကျူးလွန်ထားခဲ့တာတောင်မှ။ ဘာလို့လဲ?။ ဘာလို့ အီဗန် သူ့အပေါ်အဲ့လောက်ကောင်းနေရတာလဲ။ သူ့ဘဝနဲ့သူဆိုပြီး ဘာလို့များ မပစ်ထားနိုင်ရတာလဲ။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now