အီဗန်ရဲ့ POV
ဒဲရက်ပ်က တကယ်ကို ဖယ်တွေးလို့မရတဲ့ အင်အားတစ်ခု
ပဲ။ကျနော် သူ့ကို မျက်လုံးထောင့်ကနေ ယုံကြည်အားကိုးမှုတွေနဲ့ ကြည့်လိုက်တယ်။ မိနစ်ပိုင်းမှာတင်ပဲ စားပွဲပေါ်ကသူတွေအကုန်လုံး ကျနော်တို့ရဲ့ တည်ရှိမှုကို လက်ခံလာအောင် လုပ်သွားနိုင်တယ်။ သူတို့တွေ အခုထိတော့ စွံအအဖြစ်နေတုန်းပဲ။ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ သေချာ မသိကြသေးပေမယ့် အရင်ကလိုတော့ လေထဲမှာ တင်းအားမများတော့ဘူး။ ဒဲရက်ပ်ရဲ့အမိန့်လေသံက မပြောင်းသွားသလို သူတို့ ဒဲရက်ပ်အပေါ်လေးစားမှုကလည်း ပြောင်းမသွားဘူး။
လမ်းမှားကိုသာ မရောက်သွားဘူးဆိုရင် ဒဲရက်ပ် တစ်နေ့မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှာသေချာတယ်။
"ငါ ဘယ်တုန်းကမှ မခန့်မှန်းမိခဲ့ဘူး။" အေနီက ပြောတယ်။ "ငါဆိုလိုတာက ငါ နင်တို့တွေကိုသိတာ ဒုတိယနှစ်ကတည်းက။ တခါလေးမှတောင် သံသယမဝင်ခဲ့ဖူးဘူး"
"ဟုတ်တယ်။" ကာရိုလိုင်းက ဝင်ထောက်ခံတယ်။ "နင်တို့နှစ်ယောက်က..ဟိုဟာ...မတူဘူး"
"ဟိုမိုတွေလိုလား" ဒဲရက်ပ်က သူ့စကားကို ပြောင်ပဲ အဆုံးသတ်ပေးလိုက်တယ်။ ဒဲရက်က ကျနော့်ဗန်းကို လက်လှမ်းပြီး လိမ္မော်သီးကိုယူတယ်။ သူ အခွံစနွှာတော့ ကျနော် ခဲသွားတယ်။ "ဘာလဲ" သူက နှာခေါင်းရှုံပြီးပြောတယ်။ "အခု ဟိုမိုဆန်မှုတွေမှာ ရုပ်လက္ခဏာပါရှိကုန်ပြီလား"
ဟိုမိုဆန်မှု ဆိုတဲ့စကားလုံးဆိုတာ တကယ်တော့မရှိဘူးဆိုတာ ဝင်မထောက်မိအောင် ကိုယ့်ဟာကိုယ် ထိန်းလိုက်တယ်။
"ခုထိတော့ မယုံနိုင်စရာပဲ" အေနီက ဆက်ပြောတယ်။ "ကျောင်းက popularအဖြစ်ဆုံးကောင်နှစ်ယောက်က....ချစ်သူတွေ။ wow"
"တကယ်လို့ အဲ့ ရှယ်လီမသာ မလိမ်ခဲ့ဘူးဆိုရင် ငါတို့လဲ ဘာမှ ပြောဖြစ်မှာ မဟုတ်ဘူး။"
ဒဲရက်ပ်က ပြောပြီးတော့ အခွံနွှာပြီး အမျှင်ထုတ်ပြီးသား လိမ္မော်သီးစိတ်ကလေးတွေကို ကျနော်ဗန်းပေါ်တင်တယ်။ အခွံတွေကိုတော့ သူ့ဗန်းမှာပဲထားတယ်။ ပြီးတော့ နွားနို့ဘူးကို လှမ်းယူတယ်။ ဗူးကိုဖွင့်ပြီး ပိုက်တပ်လိုက်တဲ့အခါမှာတော့ ကျနော့်ရဲ ခဲတောင့်နေမှုက ပိုနက်ရှိုင်းသွားတယ်။
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်