နှစ်ယောက်တစ်ကမ္ဘာ ၂

3K 47 4
                                    

စတိဗ်က မနေ့ကအတိုင်း နေရဲ့အ‌လင်းကြောင့် နိုးလာပြန်တယ်။ သူပတ်ပတ်လည်ကို မူးနှောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။ သူ့ရှေ့မှာက တံခါးရွက်နှစ်ခုပါတဲ့ မှန်တံခါးတစ်ခု။ အဲ့ဒီတံခါးကနေ နောက်ဘက်ခြံကို လှမ်းမြင်နေရတယ်။ လိုက်ကာတွေကို တစ်ဖက်မှာ ကပ်သိမ်းထားပြီး တံခါးနှစ်ရွက်လုံးကို ဖွင့်ထားတော့ နေရောင်တွေ ဝင်နေတယ်။

"အဒမ်" အလန့်တကြားနဲ့ စတိဗ်ထခေါ်တယ်။ သူ့ရဲ့ best friendက အနားမှာ ရှိမနေတာကြောင့် ထိတ်လန့်မှုကြီးကြီးမားမားဖြစ်သွားတယ်။ သူ့နှလုံးခုန်နှုန်းက မြင့်တက်လာတယ်။ ဒါပေမယ့် သူ ကြမ်းပြင်ပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းလေးအိပ်နေတဲ့ အဒမ်ကို သွားတွေ့တယ်။ အိပ်ပျော်နေတုန်း ပြုတ်ကျနေတာ ဖြစ်မယ်။

"အမ်....ဘာလဲ" အဒမ်က အိပ်ချင်မူးတူးနဲ့ ထမေးတယ်။

"ဘာလို့ တံခါးကြီး ဖွင့်ထားခဲ့တာလဲ" သူက မေးတယ်။

အဒမ်က မျက်လုံးတွေကို ဖွင့်ပြီး ခြံထဲကို ကြည့်တယ်။

"ငါ မဖွင့်မိပါဘူး" သူက ပြန်ပြောလိုက်တယ်။

"အမေတို့ ဖွင့်တာလားမသိဘူး" စတိဗ်က စိတ်လှုပ်ရှားသွားတယ်။ သူက အဒမ်ကိုယ်ပေါ်ကနေ ခုန်ကျော်ပြီး သူ့မိဘတွေရဲ့ အခန်းကို ပြေးသွားတယ်။ သူ့မိဘတွေကို တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြည့်ပေမယ့် အိပ်ယာက ဗလာဖြစ်နေတယ်။ လူရှိခဲ့ဖူးတယ်ဆိုတဲ့ အနေအထားတောင် ဖြစ်‌မနေဘူး။

အဒမ်က ခနနေတော့ မျက်လုံးတွေကို ပွတ်ပြီး ရောက်လာတယ်။

"ဟေး။" အဒမ်က နှုတ်ဆက်တယ်။

စတိဗ်က သူ့ကို မကြည့်ဘူး။ သူ့မိဘတွေရဲ့ ခုတင်ထောင့်မှာ ထိုင်ရင်း ကြမ်းပြင်ကိုငေးနေတယ်။

"အိမ်မက်တစ်ခုမဟုတ်ပဲ"

"စော်ရီး"

"ငါ ကြောက်လဲကြောက်တယ် စိတ်တွေလဲ ရှုပ်ထွေးနေတယ်။ အဖြေတစ်ခုခုမရရင် ရူးသွားတော့မယ် ထင်တယ်။"

"တစ်ခုခုသွားစား‌ရအောင်" အဒမ်က ပြောတယ်။

"ငါ ဗိုက်မဆာဘူး"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now