အထက်တန်းကျောင်းက အတင်းအဖျင်း (၃)

4.1K 79 6
                                    

အဲ့ညမှာပဲ ကျနော့်ညီမငယ် ကင်ရဲ့အခန်းထဲကို တံခါးမခေါက်ပဲ ကျူးကျော် ဝင်ရောက်လိုက်တယ်။

ကင်က သူ့ရဲ့ အိပ်ယာပေါ်မှာ မှောက်လျက်သား‌၊ ပန်းရောင် ပါဂျားမားကိုဝတ်ထားတယ်။ ခြေထောက်နှစ်ချောင်းက ကြက်ခြေခတ်ပုံစံ အပေါ်ကို ထောင်ပြီး ဘေးမှာက အာလူးကျော်ထုတ်၊ အရှေ့မှာက စာအုပ်တစ်အုပ်ကို ဖွင့်လျက်သားရှိနေတယ်။ ကျနော် ဝင်လာတော့ သူက မော့ကြည့်တယ်။ သူ့ပါးစပ်မှာက အာလူးကျော်တစ်ခုကို နှုတ်ခမ်းနဲ့ ညှပ်ထားတယ်။

"ဟေး" ကျနော်က ပြောပြီး သူ့ရဲ့ အိပ်ယာနားကိုသွားတယ်။
"နင် ဟိုမိုကာတွန်းစာအုပ်တွေကို ဖတ်တယ်။ ဟုတ်တယ်မလား"

သူက မျက်တောင်ခတ်ပြီး ကျနော့်ကို ကြည့်တယ်။ သူ့နှုတ်ခမ်းဖျားက အာလူးကျော်ကို ထုတ်လိုက်တယ်။
"ဟိုမို ကာတွန်းတွေ။? ဘာလဲ Yaoi collectionကိုပြောတာလား"

"အင်း ဘယ်သာဖြစ်ဖြစ်ပါ"

"အင်း အကို သိ‌အောင် ပြောရရင် အဲ့တာတွေကို Yaoiလို့ခေါ်တယ်။ ဟိုမို ကာတွန်း‌တွေ မဟုတ်ဘူး။ BLကို ဖော်ကျူးတဲ့ တကယ့်ကို့ လှပတဲ့ ဂျပန်အနုပညာလက်ရာ‌‌တွေ။ နောက် BLဆိုတာက boy loveကို အတိုကောက်ခေါ်တာ"

ကျနော်က သူ့ကို စိတ်မဝင်စားဘူးဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီးတော့
"Yaoiဖြစ်ဖြစ် ဟိုမိုကာတွန်းဖြစ်ဖြစ် ဘာကွာလို့လဲ။? အဲ့ဝာာတွေအကုန်လုံးက gay shit အကြောင်းတွေပဲ မဟုတ်ဘူးလား"

ကင်က ပုခုံးတွန့်တယ်။
"အင်း အဲ့တော့ ဘာလုပ်မို့လဲ ပြော"

"အဲ့မှာ ပြန်ပြီး ပြောင်းတာနဲ့ ပတ်သတ်ပြီး ဘာပြောထားလဲ"

"ဘာကြီး?"

"သိတယ်မလား။ ပုံမှန်ဖြစ်အောင် ပြန်ပြီးပြောင်းတာလေ။ ဂေးကောင်တွေကို straightဖြစ်အောင် ပြန်လုပ်တာကိုပြောတာ။"

ကင်က မျက်တောင်ခတ်တယ်။ "အဲ့တာ မပါဘူး"

"ဘာလဲ" ကျနော်က ဟောင်လိုက်တယ်။ "ဘာလို့လဲ။ ဘာလို့မပါလဲ"

"ဒဲရက်ပ် ဂေးတာက ဂေးလိုက် မဂေးလိုက် ဖြစ်လို့မရဘူး။"

"ဘာလို့ မရရမှာလဲ"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now