ဒဲရက်ပ် POV
ကျောင်းတစ်ခုလုံးက မကြာသေးမီက အတင်းအဖျင်းတစ်ခုကြောင့် အုံးအုံးကျပ်ကျပ်ဖြစ်လို့နေတယ်။
"မင်း ရှယ်လီ့အကြောင်းကြားပြီးပြီလား"
ယောင်္ကျားလေးအဝတ်လဲခန်းကနေ ထွက်လာတဲ့အချိန်မှာ ပေါက ကျနော့်ကိုမေးတယ်။"ဟင့်အင်း သူ ဘာဖြစ်လို့လဲ"
"ဟျောင့် သူ တစ်ဂိုးသွင်းခံလိုက်ရတယ်။"
ကျနော်က နှာခေါင်းမှုတ်လိုက်တယ်။
"အဲ့တာက အံ့ဩစရာပဲ။ အဘယ်ကြောင့်ဆိုသော်...."
ဆံပင်အတော်နီတဲ့ ရှယ်လီဆိုတာကလည်း ဓာတ်ဆီဆိုင်လိုပဲ ဆီလိုတဲ့ ထရပ်ကားတွေ ဆီဝင်ထဲ့ပြီးရင် မောင်းသွားကြတာ။ အဲ့တာကို လူတိုင်းသိတယ်။ အဲ့လိုပြောရင် ရိုင်းတာ မှန်တယ်။ ဒါပေမယ့် ငရဲမင်း! အဲ့တာက အမှန်တရားပဲ။ သောက်ရမ်းHOTတာ မှန်ပေမယ့် ကျနော် အဲ့ဆိုင်မှာ ကျနော် ဆီမဖြည့်ဖူးတာကိုပဲ ဝမ်းသာမိတယ်။"တစ်ကျောင်းလုံး အဲ့အကြောင်းကို ပြောနေကြတယ်။"
"အင်း သူ့အတွက်တော့ စိတ်ညစ်စရာပဲ"
ပေါက ပြုံးပြီး မျက်တောင်ကို ထက်အောက်လုပ်တယ်။
"ကလေးအဖေ ဘယ်သူလဲဆိုတာ ငါတော့ သိချင်တယ်။"ကျနော်က သူ့ကို သိပြုံးပြုံးလိုက်တယ်။
"မင်း ဖြစ်နိုင်တာပဲ။ လွန်ခဲ့တဲ့နှစ်လလောက်က မင်းတို့ တွဲကြသေးတယ်မဟုတ်လား။"ပေါ မျက်လုံးတွေ ကျယ်သွားတယ်။
"အဲ့တာ ငါ့ကလေး လုံးဝမဖြစ်နိုင်ဘူး ကိုယ့်လူ။ ငါကြားတာတော့ ကိုယ်ဝန်က သုံးပတ်ပဲရှိသေးတယ်။""ဟေး" ပြည့်ပြည့်ဖောင်းဖောင်းချစ်စရာကောင်းတဲ့ အေနီက ကျနော် ဘေးနားက ပေါ်လာပြီးတော့ ကျနော့်ဘက်လက်မောင်းကို သူ့လက်နဲ့ လာချိတ်တယ်။ ကောင်မလေးတွေက ကျနော့်ကို အဲ့လို လာလုပ်လေ့ရှိတယ်။ အေနီလို့ ရိုးရိုး သူငယ်ချင်းတွေ အပါအဝင်ပဲ။ မသိရင် ကျနော်က သူတို့တောင်ဝှေးလိုလို ဘာလိုလိုနဲ့။
"နင်တို့ ရှယ်လီအကြောင်းကြားပြီးပြီလား""ငါ အခုပဲ ဒဲရက်ပ်ကို ပြောပြီးတယ်။ ငါ့နှယ် အခုဆို သူတော်တော် လန့်နေလောက်ပြီ။"
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်