နှစ်ယောက်တစ်ကမ္ဘာ-၅ သိမ်း (uni)

2.8K 61 14
                                    

(A/N- ဒီဝတ္ထုတိုက seraphinaရဲ့ adam ‌and steveဆိုတဲ့ဝတ္ထုကို ဘာသာပြန်ထားတာပါ။ မူရင်းရေးသူက one shotပုံစံမျိုးနဲ့ တစ်ဆက်တည်းရေးပြီးတော့မှ တောင်းဆိုမှုများလို့ sequelဆက်ရေးခဲ့သေးတယ်ဆို‌ပေမယ့် ကျနော်ကတော့ အခုလောက်ပဲ ပြန်ပြီးတော့ နောက်အပိုင်းတွေကို ဆက်မရေးဖို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ်က သဲထိတ်ရင်ဖိုတွေ မကြိုက်တော့ ဖတ်လေ့မရှိသလို ရေးလေ့လဲမရှိတာမို့ တစ်ခုခုလိုအပ်သွားရင်လဲ ‌သီးခံပေးကြပါ။ )

++++++++++++++++++++

"ပြေး! ပြေး!" အဒမ်က စတိ‌ဗ် ကောက်မရင်းနဲ့ အော်တယ်။ "ငါ မျက်လုံးအနက်ကြီးတွေကို တွေ့တယ်"

သူတို့ ကန်းကန်းနဲ့ ပြေးနေတုန်းမှာ ကောင်းကင်ပေါ်က အပြာရောင် အလင်းတန်းကြီး မြေပြင်ပေါ်ကျလာတာကို မြင်လိုက်ရတယ်။ အဲ့ဒီအလင်းတန်းက စက်ဝိုင်းပုံစံကျလာပြီး အလင်းနဲ့ ထိသမျှအကုန်လုံးကို အပေါ် ဆွဲတင်သွားပြီး ပြန်ကျလာတယ်။ အဲ့ဒီ့အလင်း ဖြတ်သွားတဲ့ စက္ကန့်ပိုင်းလေးမှာတင် မျက်လုံးအနက်ကြီးတွေနဲ့သူတို့ကိုကြည့်နေတဲ့အရာတွေ တစ်ရာလောက်တွေ့လိုက်ရတယ်။ သူတို့ နှစ်ယောက်ထဲမဟုတ်။ ဘယ်တုန်းကမျှ မဟုတ်ခဲ့။

မြန်လွန်းတော့ အမှောင်က သူတို့ကို တဖန်ဖုံးကွယ်သွားပြီး အရာရာ အမှောင်ကျသွားပြန်တယ်။ သူတို့ လက်တွေကို ဆုတ်ကိုင်ပြီး သူတို့ခြေထောက်က တက်နိုင်သလောက် မြန်မြန်ပြေးကျတယ်။ ဘာကြောင့်နဲ့မှ မရပ်။ သူတို့မိနစ်အနည်းငယ်လောက်ပြေးပြီးတော့ မီးတွေ ပြန်လင်းလာတယ်။ မြို့က တဖန် ပြန်ပြီးတောက်ပလာပြန်တယ်။

အဒမ်က စတိဗ်ဘက်ကို ချက်ချင်းလှည့်ကြည့်လိုက်ပြီး စစ်ဆေးသလို ကြည့်တယ်။

"မင်းအကုန်မြင်တယ်" စတိဗ်က တုန်ရီနေတဲ့အသံနဲ့ပဲ။ "မင်းအကုန်မြင်တယ်လို့ ပြောစမ်းပါ။ ကျေး‌ဇူးပြုပြီး"

"ငါ မြင်တယ်"

"ငါတို့ နှစ်ယောက်ထဲမဟုတ်ဘူး။ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး"
စတိဗ်က သူ့မျက်ရည်တွေကို သုတ်ပြီး အဒမ့်ကို ဖက်တယ်။ သူ ကြောက်လွန်းလို့ မျက်လုံးတွေကို ခနမှိတ်ထားရတယ်။ သူ အမှောင်ထုထဲ နောက်တစ်ကြိမ် ထပ်မရောက်ချင်တော့။ သူ အကာအကွယ်မဲ့သလို မခံစားချင်တော့။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now