အထက်တန်းကျောင်းက အတင်းအဖျင်း (၂၇)

984 13 0
                                    

အိဗန် POV

"အို မိုင် ဂေါ့ အီဗန်!"

အေနီနဲ့ ကာရိုလိုင်းက ကျနော်တို့ ထွက်ပေါက်နားမရောက်ခင် အပြေးရောက်လာပြီးတော့ အရှေ့ကနေ လမ်းပိတ်လျှောက်တယ်။ ကောင်မလေးတွေ မျက်နှာက ကျနော့်ကို စိုးရိမ်နေကြတယ်ဆိုတာကို ပေါ်လွင်နေတယ်။

"အီဗန် နင် အဆင်ပြေရဲ့လား" အေနီက မေးတယ်။

"ငါ ကောင်းသွားပါပြီ။ အေနီ၊ ကျေးဇူးပါ"

"အိုမိုင်ဂေါ့" ကာရိုလိုင်းက သူ့နှလုံးရှိတဲ့ဘက်ကို လက်နဲ့ဖိရင်း
"နင် ငါတို့ကို တကယ်လန့်အောင်လုပ်တာပဲ။ အကောင်းကြီးကနေ ရုတ်တရပ်ကြီး ဘိုင်းခနဲဆို ပစ်ကျတာ"

"ငါတို့တွေ တအားစိုးရိမ်နေကြတာ"
အေနီက ပြောပြီး ကျနော့်ကို တင်းတင်းကျပ်ကျပ်လာဖက်တယ်။
"ငါတို့ကို နပ်စ်ဆရာမက နှင်လိုက်လို့ အခန်းထဲလိုက်မရတာ စိတ်မကောင်းဘူး"

"ဒဲရက် ဝင်လို့ရတော့ တော်သေးတာပေါ့" ကာရိုလိုင်းက ပြောရင်း အေနီနဲ့ကျနော်ဖက်နေတာကို လာဖက်တယ်။

ကျနော် တိုးတိုးလေးရယ်လိုက်တယ်။
"ငါကောင်းသွားပြီ၊ ကောင်မလေးတွေ၊ တကယ်"

"နင် ဒဲရက် ဖြစ်နေတာကို တွေ့လိုက်ရမှာ။ နင်လဲ လှဲကျသွားရော ဒဲရက်က ချက်ချင်း အသဲအသန်တွေ ရောက်လာတာ" အေနီက ပြောတယ်။

"နင့်ကို ဘယ်သူ့မှတောင် အထိခံတာမဟုတ်ဘူး။"
ကာရိုလိုင်းက ဒဲရက်ကို စနောက်ဟန်နဲ့ လေသံနဲ့ ကျနော့်နားကပ်ပြောတယ်။

"သူက အရမ်း ရိုတာာပဲ" အေနီက ဝင်ပြောတယ်။
"လူတိုင်းကို နောက်ဆုတ်ဖို့ အော်ဟစ်ပြီး မင်းသမီးလေးလို ပွေ့ချီပလိုက်တာပဲ။"

"ဟုတ်တယ် ဝိတ်မရှိတဲ့လူလိုပဲ" ကာရိုလိုင်းက ဖြည့်ပြောတယ်။
"ချီပြီး နပ်စ်မရုံးခန်းကို ပြေးတာ တန်းနေတာပဲ"

"ကဲကဲ အဲ့လောက်ဆိုရပြီ။ နင်တို့နှစ်ယောက် ပိတ်လိုက်တော့"
ဒဲရက်ပ်မျက်နှာက အရှက်ကြောင့် ရဲလာတယ်။

"ဒါနဲ့" အေနီက ပြောတယ်။
"နင်တို့က ဘယ်သွားမလို့လဲ"

"ပေါအိမ်ကို.."

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now