"ငါက ဂေး"
ကျနော် စားနေတဲ့ ပေါင် ဖုတ်ခနဲ နင်လို့သွားတယ်။ ပေါင်မုန့်တစ်စက လည်ပြွန်ထဲက ပိုက်မှားဝင်သွားတယ်။ စပရိုက်ဗူးကို ဖွင့်လိုက်တော့ ဂတ်တွေက လျှံကျလာတယ်။ အရည်တွေ ပါးစပ်ထဲသွင်းတော့ ရှတတဖြစ်ပေမယ့် ဗူးတစ်ဝက်တော့ ကုန်အောင် သောက်ပစ်လိုက်တယ်။ ကျနော် သူငယ်ချင်း အီဗန်ကတော့ ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုကို သူပြောလိုက်သည့်နှယ် ကျနော့်ရဲ့ ကျောကိုပွတ်ပေးနေရဲ့။
"မင်းက ဘာရယ်?" ကျနော် ကြားပေမယ့် ပြန်မေးလိုက်တယ်။
သူမျက်နှာကတော့ ဘာ အီမိုးရှင်းမှ ပြောင်းမသွားဘူး။
"ငါက ဂေးလို့ပြောတာ""အဟွတ်" ကျနော်ပါးစပ်ကို လက်နောက်နဲ့ သုတ်လိုက်တယ်။ "မင်း ငါ့ကို နောက်နေတာလား။"
"မနောက်ဘူး"
"ငါ့ကောင် မင်းက ဂေးမဟုတ်ဘူး"
"အင်း ဟုတ်တယ်။ ငါက"
"ဟင့်အင်း မင်းက မဟုတ်ဘူး"
"ဟုတ်ပါတယ်ဆို"
"မဟုတ်ဘူး"
အီဗန်က ကျနော့်ကို မျက်နှာသေနဲ့ ကြည့်တယ်။
ကျနော် ခေါင်းကို ခါလိုက်တယ်။
"မင်းက ဂေးဆိုတာ ဘယ်လိုမှမဟုတ်နိုင်ဘူး ဟျောင့်""ဟုတ်လား။ ဘာလို့လဲ?"
ကျနော် မတ်တပ်ရပ်ပြီး သူ့ကို ငုံ့ကြည့်လိုက်တယ်။
"မင်းက အီဗန်လေကွာ။ ငါ့လခွီး အီဗန်ပါကွာ"သူက ဘာမှတော့ ပြန်မပြော။ မျက်ခုံးကိုပဲ ပင့်တယ်။
ကျနော် သူ့ကို လက်ညိုးနဲ့ထိုးလိုက်တယ်။
"မင်း မင်းက ငါတို့ကျောင်းရဲ့ Justin Bieberလိုပဲလေကွာ။ မင်း ဘယ်သွားသွား ကောင်မလေးတွေက လိုက်ကပ်ပြီး ဂါဂါနေကြတယ်။ Shit မနေ့ကဆို ငါ မင်းရဲ့ ကားနောက်မှာ ဇကာကွက်နဲ့ အတွင်းခံကိုတောင်တွေ့သေးတယ်။""အဲ့တာ ငါ့ဟာမှ မဟုတ်တာ"
"အေးလေ မဟုတ်ဘူးလေ။ အဲ့တာရဲ့ အဓိပ္ပာယ်က ထန်တဲ့ စော်တစ်ပွေပွေက မင်းရဲ့ ကားနောက်ကို ဖိတ်ခေါ်တဲ့ သဘောနဲ့ ထည့်သွားတာလေ။ Shit ခွေးကောင် သူက နာမယ်နဲ့ ဖုန်းနံပတ်ကိုပါ တွဲပြီး ပေးထားသေးတယ် မတွေ့လား"
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်