ဒဲရက် P.O.V
"အဲ့ဟာမက တအားကပ်နေတာပဲ"
ကျနော်က ပြောနေတဲ့ အေနီကို ခြောက်ကပ်ကပ်ကြည့်လိုက်တယ်။ သူနဲ့ကျနော်နဲ့က ကမ်းခြေအလယ်က ဟာဝိုင်အီပုံစံဘားလေးတစ်ခုမှ ဘေးကပ်ထိုင်နေတာ။ သူက တစ်ယောက်ယောက်ရဲ့ ခေါင်းကို ဆုတ်ဖြဲပစ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ပုံမျိုးနဲ့။ အီဗန့် သူငယ်ချင်းအသစ်ဟော့ဟော့လေးရဲ့ ဖိတ်ထားတဲ့ပါတီကိုရောက်တာ နာရီဝက်လောက်ရှိပြီ။ အဲ့ရောက်ကတည်း အီဗန့်ကို ကျနော့်ဆီက "စနှိုက်"ခံရပြီဆိုတာကို ပြောတာ မရပ်။
"ကြည့်စမ်းပါအုန်း အဲ့ဟာမကို" သူက အံ့ဩဒေါသထွက်တဲ့အသံနဲ့။ "သူ့ပိန်တာရိုးလက်နဲ့ ရစ်ပတ်နေလိုက်တာများ မသိရင် သူပိုင်တဲ့အတိုင်းပဲ။"
"နင်လဲ ပိန်တာပဲကို" ကျနော်က သူ့ကို ရွဲ့ပြောလိုက်တယ်။
"အဲ့တာက အဓိကမဟုတ်ဘူးဟဲ့။ နင် စိတ်မပူဘူးလား။ ဟိုဘင်ဘိုမက နင့်ကောင်လေးကို ပွတ်နေတာ မရပ်နိုင်ဘူး။" သူက စိတ်ပေါက်ပြီး ပြောတယ်။
"ကောင်လေး"ဆိုတဲ့နေရာမှ ကျနော့် မျက်လုံးအစွန်က လှုပ်သွားတာကို အေနီကတော့ သတိမထားမိဘူး။ သူက အီဗန်ရဲ့ ဘက်ကို ကြည့်နေတယ်။
"ထားလိုက်ပါ အေနီ။ ဟိုကောင် သူ့ဟာသူ ပျော်နေပါစေ"
သူက ကျနော့်ကို အော်တယ်။
"ဒဲရက်!!!" ပြီးတော့ လက်မောင်းကို ရိုက်တယ်။
"နင် ပြောရက်လိုက်တာ။ နင့်နောက်ကွယ်မှာ အီဗန်ဖောက်ပြန်နေတာ နင်ခွင့်ပြုတယ်လား"ကျနော်က ပုခုံးတွန့်ပြလိုက်တယ်။ ပြီးတော့ လက်ထဲက ဘီယာပုလင်းကို တစ်ချက်လွှဲတယ်။ ကျနော် ပါးစပ်ကိုသုတ်ပြီး ကြည့်လိုက်တယ်။
"ငါ သိနေတယ်ဆိုရင် ငါ့နောက်ကွယ် မဖြစ်တော့ဘူးပေါ့။ ပြီးတော့ ကောင်မလေးကလဲ ဟော့တာကို"အေနီက ကျနော့်ကို ထက်ရိုက်တယ်။
"ဂျီးဆပ် ကောင်မကြီး နင် ငါ့ကို စက္ကန့်ခြောက်ဆယ်လောက်တစ်ခါရိုက်နေတာကို ရပ်လိုက်""အဲ့တာဆို နင် သောက်ရူးလို လုပ်နေတာကို ရပ်လေ" သူက လက်ကို ပိုက်ပြီးဆက်ပြောတယ်။
"နင် ဒါလို တကယ်ပြောချင်တာမဟုတ်ဘူးဆိုတာ နင်သိပါတယ်။ အစောပိုင်းလောက်က အီဗန် နင့်ကို စိတ်ဆိုးသွားလို့ နင်စိတ်လေပြီး လျှောက်ပြောနေတာမလား"
YOU ARE READING
အပြာရောင် အရေးအသားများ (18+)
Short Storyလိင်တူ လိင်ဆက်ဆံတဲ့အခန်းများပါသည့်အရေးအသားများ + အရွယ်ရောက်ပြီးသူများသာဖတ်ရန်