အထက်တန်းကျောင်းက အတင်းအဖျင်း (၃၀)

549 11 2
                                    

ဒဲရက် P.OV

ကျနော် အီဗန့်လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့တယ်။ ချာလီ့ကို ကော်လံကနေဆွဲချလာပြီး သောက်ခွက်တွေကို အလီလီရိုက်ရင်း မျက်နှာပေါ်က အပြုံးကို ပျောက်အောင်လုပ်လိုက်ချင်တဲ့စိတ်တွေကို ထိန်းထားလျက်။

"ဟေး" ကျနော် ပြောလိုက်တယ်။ ကျနော် သူ့ကို ပြောမှန်းသေချာသိအောင် မျက်လုံးကို ဆုံအောင်ကြည့်လိုက်တယ်။
"ငါတို့ စကားပြောဖို့လိုတယ်။ အိမ်ရှေ့ကို ထွက်ခဲ့"

ကိစ္စတွေ ရုပ်ဆိုးကျည်းတန်ကုန်ရင် အိမ်ရှေ့မှာ ဖြေရှင်းတာ ပိုကောင်းမယ်။

သူရပ်နေတဲ့နေရာမှာ မျက်နှာပေါ်က အဲ့အပြုံးက ရှိနေတုန်းပဲ။
"အေး- ပြောကြမယ်လေ"

အဲဒီ့အပြုံးကို အမှုန့်ချေလိုက်ချင်တယ်။ အလွန်အမင်း ထိန်းချုပ်ထားရတဲ့စိတ်ကြောင့် ကျနော့်ရဲ့ ခန္ဓာကိုယ်က တုန်နေတာကို သတိထားမိတယ်။ ချာလီ ကျနော်တို့က သူငယ်ချင်းလို့ သတ်မှတ်ခဲ့တဲ့ကောင်က တကယ့်ကို မျက်နှာ နှစ်ခု‌နဲ့ကောင် ဖြစ်နေခဲ့တာပဲ။ ကျနော်တို့ ဘာလို့ ဒီကိုရောက်နေကြတယ်ဆိုတာကို ဒီကောင်သိတယ်။ ဒါပေမယ့် အခုတော့ ဒီကောင်က ဘာမှ မဖြစ်သယောင် အေးအေးဆေးဆေးပဲ။ အဲ့တာကြောင့် အဲ့ကောင်ကို လုပ်ချင်စိတ်တွေ ပိုဖြစ်လာတယ်။

"ဒဲရက်"နူးညံ့တဲ့ အသံတစ်ခုက ကျနော်ရဲ့ ဒေါသစိတ်ကို ထွင်းဖောက်ပြီး ဝင်လာတယ်။ ကျနော် ကြည့်လိုက်တော့ အီဗန့်ရဲ့ စိုးရိမ်နေတဲ့ မျက်လုံးစိမ်းတွေ။ သူက ကျနော့်ကို စာအုပ်တစ်အုပ်လိုပဲ အမြဲတမ်းဖတ်‌နိုင်နေသူမို့ အခု ကျနော့်စိတ်ဘယ်လိုရှိတယ်ဆိုတာကို သူသိနေပြီးဖြစ်မယ်။ အဲ့တာကြောင့် စိတ်ပူနေတာပေါ့။ ကျနော်သူ့ကို ချာလီက ရန်မစမချင်း ကျနော် လက်မပါဘူးလို့ ကတိပေးထားတာ။ ဒါပေမယ့်....တောက်ကွာ။

ကျနော် အသက်ကို ပြင်းပြင်းရှုပြီး ပြန်ထုတ်လိုက်တယ်။ ကျနော် ကိုင်ထားတဲ့ သူ့လက်ကို ဖွဖွလေး တစ်ချက်ညှစ်လိုက်ပြီးတော့ ခေါင်းညိမ့်ပြလိုက်တယ်။
"ငါ အဆင်ပြေပါတယ်"
အီဗန် ကျနော့်ဘေးနား‌လေးရှိနေပြီး ဒီလိုလေး လက်ကိုင်ထားသရွေ့တော့....ကျနော် အဆင်ပြေမှာပါ။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now