အထက်တန်းကျောင်းက အတင်းအဖျင်း (၂၆) 🌶️🍭 🍯

1.3K 12 0
                                    

(T/N 🏥👩‍⚕️🥼🩲🍆👅🍭💦)

အီ‌ဗန် POV

ကျနော့်နှုတ်ခမ်းပေါ်က သူ့အရသာက အချိုမိန်ဆုံးပျားရည်လိုပဲ။

စိတ်မောပန်းနွမ်းနယ်မှုကြောင့်ပဲလား ကျနော့်လက်ထဲက ဒီကောင်လေးအပေါ်မှာထားတဲ့အချစ်ကြောင့်ပဲလား ဒါမှမဟုတ် နှစ်ခုလုံးကြောင့်ပဲလား မသိဘူး သူပေးတဲ့ အကြင်နာအနမ်းတွေ ကျနော် ပြန်ပေးနေတဲ့အချိန်မှာ ကျနော့်မျက်လုံးတွေ ကျိန်းစပ်နေခဲ့တယ်။
ကျနော့်ရဲ့ ဂရုမထားတဲ့အမှားကို ခွင့်လွှတ်တယ်ဆိုတဲ့ အသိ၊ သူ ကျနော့်ကို ဂရုစိုက်တယ်....ချစ်တယ်လို့တောင် ဖြစ်နိုင်တယ်ဆိုတဲ့အသိက အနမ်းကို ပိုချိုမိန်စေတယ်။

တကယ်လို့ သူသာ ကျနော့်ကို ဘယ်တော့မှ ခွင့်မလွှတ်ခဲ့ရင် ကျနော် ဘာတွေ ဆက်ဖြစ်မလဲ။ ဒဲရက်သာ ကျနော့်အနားမရှိခဲ့ရင် ကျနော့်ဘဝရဲ့ အဓိပ္ပာယ်တွေ အားလုံးပျောက်ဆုံးသွားမှာ။ ကျနော့်နား ဒဲရက်သာ လည်ပတ်မှုမရှိခဲ့ရင် ကျနော့် တစ်ကမ္ဘာလုံးက အေးစက်ပြီး... တသီးတသန့်ဖြစ်သွားမှာ။

အေးခဲနေတဲ့ ဂြိုဟ်ကမ္ဘာကြီး တစ်ခုလို။

ဒဲရက်က ဖြေးဖြေး နောက်ကို ပြန်ဆုတ်ပြီး ကျနော့်ကို ငုံ့ကြည့်တယ်။
"ဘာမှားနေလို့လဲ။"

ကျနော် သူ့ရဲ့ပါးကို ပွတ်ပြီး ကျနော့်အသံကို ပြန်ရှာတယ်။
"မင်း ဒီဟာကို ရွံ့ဖို့ကောင်းတယ်လို့...မတွေးတော့ဘူးလား"

"ငါ မင်းကို ဘယ်တုန်းကမှ ရွံ့စရာလို့ မတွေးခဲ့ဘူး"

"ဒါပေမယ့် မင်း ငါဂေးဖြစ်တာကို မဖြစ်စေချင်ခဲ့ဘူးမလား"

သူ မျက်မှောင်ကုတ်သွားတာကို ကျနော် ကြည့်မိတယ်။ ကျနော့်အပြောကို ငြင်းဖို့ သူပြင်နေတာ ဖြစ်မယ်။ ဒါပေမယ့် သူက ရပ်လိုက်ပြီး ခေါင်းခါတယ်။
"အိုကေ၊ ဖြစ်နိုင်တာက မင်း ဟိုဟာဖြစ်တာဆိုတာနဲ့ ပတ်သတ် ငါ စိတ်အနှောက်အယှက် နည်းနည်း ရှိကောင်းရှိခဲ့လိမ့်မယ်"

"ဂေးလား" ကျနော်က သူမပြောရဲတာကို ကူပေးလိုက်တယ်။

"ဟုတ်တယ်" သူက နှုတ်ခမ်းကို စေ့တင်းတယ်။
"ဂေး"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now