အထက်တန်းကျောင်းက အတင်းအဖျင်း (၄)

3.2K 95 12
                                    

ဖာ့ခ်။ သူတို့ဆီပဲ နောက်ယောင်ခံလိုက်တော့မယ်။

အိမ်ကနေထွက်လာပြီး ငါးမိနစ်လောက်နေတော့ အိမ်ကိုပဲပြန်ပြီး ဂျက်ကပ်ကို ခေါင်းစွပ်ပါနဲ့ ဟုဒီနဲ့ လဲဝတ်လိုက်တယ်။ ခေါင်းစွပ်ကို မျက်လုံး‌ဖုံးလောက်အောင်ကို ခပ်ငိုက်ငိုက် စောင်းလိုက်ပြီး အီဗန့်အိမ်ရဲ့ လမ်းတစ်ဖက်နေရာမှာ ကျနော် ပုန်းနေလိုက်တယ်။ သူ ကျနော့်ကို အဲ့လောက်လွယ်လွယ်ကူကူ ရှင်းထုတ်နိုင်လိမ့်မယ်လို့ ထင်ရင် သူ ကျနော့်အကြောင်းကို သေချာမသိသေးလို့ပဲ ဖြစ်လိမ့်မယ်။

စိတ်ပေါက်နေတုန်းမှာ သူတို့ဟာသူတို့ လက်ပဲထပ်ထပ် မဂ်လာပဲဆောင်ဆောင် ကျနော် ဂရုမစိုက်ဘူးလို့ ပြောမိတာက ပြောမိတာပဲ။ ဒါပေမယ့် တကယ်တော့ ကျနော်က ဂရုစိုက်တယ်။ ဘာလို့လဲတော့မသိဘူး။ အီဗန်က ကျနော်နဲ့ အဲ့ကောင်ကို မသိစေချင်ဘူးဆိုတာကတော့ စိတ်ထဲမှာ ခုနေတယ်။ အဲ့ထက်ပိုဆိုးတာက အဲ့လို စိတ်ခုနေရတာကို ကျနော် စိတ်ထဲ ခုနေမိတယ်။

ကျနော့်မှာ အဲ့တာတွေ စဉ်းစားဖို့အချိန်မရှိဘူး။ အီ‌ဗန်က အိမ်ထဲကနေ လူတစ်ယောက်နဲ့ စကားပြောရင်း အပြင်ကို ထွက်လာတယ်။ ကျနော့်ကို မမြင်ရတာ သေချာအောင်လို့ အနောက်ကို နည်းနည်းဆုတ်ပြီး သူနဲ့စကားပြောနေတဲ့သူ မြင်ကွင်းထဲရောက်လာအောင် စောင့်တယ်။ အဲ့လူ အပြင်ကို ထွက်လာတာ တွေ့လိုက်ရတော့ ကျနော် ကြောင်သွားတယ်။

ဝှက်သယ်ဟဲ။ ဘယ်လိုမှ မဖြစ်နိုင်တာ။

ကျနော် မျက်လုံးတွေ နေကာမျက်မှန်အနက်အောက်က ကြီးလာတယ်လို့ ခံစားရမိတယ်။ ဝှက်သယ်ဖာ့ခ်!။ ကျနော်မြင်နေတဲ့ဟာကို မြင်နေရတယ်ဆိုတာ သေချာအောင်လို့ မျက်နှာပေါ်က မျက်မှန်ကို ဆွဲချွတ်လိုက်တယ်။ ဟုတ်တယ်။ ကျနော် မှားစရာမရှိဘူး။ အဲ့တာ အီဗန့်ရဲ့ ဒိတ်ပဲ။ သူ။? ငါ့ကို လာပြောင်နေတယ်။

ဂရက် ဂျွန်ဆန်။ ဂရက် ဂျွန်ဆန်တဲ့ဟ!။

ကျနော် စိတ်ကို ထိန်းလိုက်တယ်။ အိုကေ...အဲ့တာက ပင့်ထိုးခံရသလိုပဲ။ ကျနော်လိုကောင်မျိုးက သူ့ရဲ့typeမဟုတ်ဘူးဆိုတာက စိတ်အနှောက်အယှက်ဖြစ်စေတာ မှန်တယ်။ ကျနော့်typeကပဲ တစ်ခုခုမှားနေသလိုလိုနဲ့။ ဒါပေမယ့် ခုဟာကြီးကတော့.....သောက်ခွက်ကို ပိတ်ရိုက်လိုက်သလိုပဲ။ မဟုတ်သေးဘူး။ ဗိုက်ကို လက်သီးနဲ့ ထိုးချသလိုမျိုး။ သူက ဂရက်လိုကောင်မျိုးကို ကျနော့်ထက်ပိုကြိုက်တယ်။? ကျနော်လေ။? ဂရက်ကို ကျောင်းရဲ့ nerd စာကြည်တိုက် လက်ထောက်နဲ့ ယှဉ်တယ်။

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now