အထက်တန်းကျောင်းက အတင်းအဖျင်း (၂)

6.6K 78 1
                                    

နှစ်ရက်လောက်ကြာပြီးတော့ ကျနော့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့လုပ်တယ်။

ကျနော့်အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး သူ့နံပတ်ကို ရိုက်နှိပ်ခေါ်လိုက်တယ်။ သုံးခေါက်လောက် မြည်ပြီးချိန်မှာတော့ သူ့ဆီက အသံသေကြီးနဲ့ ဖုန်း‌ဖြေတယ်။
"ဟယ်လို"

ကျနော် အိပ်ယာပေါ် ပစ်လှဲချပြီး လက်တစ်ဖက်ကိုခေါင်းအုံးရင်း
"ငါ့အိမ်ကိုလာခဲ့အုန်း။ ချီးပေကောင်"

ကျနော် တဖက်က အီဗန်ရဲ့ သက်ပြင်းချသံကို ကြားလိုက်ရတယ်။
"ဟယ်လို ဒဲရက်ပ်"

"အေးအေး ဟိုင်း အခု လာခဲ့ချေနော်"

"ဘာလို့လဲ"

"မင်းကို ပေးစရာတစ်ခုရှိတယ်။"

"ဘာပေးစရာလဲ"

ကျနော်စိတ်မ‌ရှည်ချင်တော့ဘူး။ "ဟေး ဘာလို့ မေးခွန်းပေါင်း နှစ်ဆယ်လောက်မေးနေတာလဲ။ လာမှာသာလာစမ်းပါ"

"ငါ မအားဘူး"

ကျနော် တောင့်သွားတယ်။ အိုးရှစ်။ နောက်ကျကုန်ပြီလား။
"ဘာလို့လဲ။? မင်း ဘယ်မှာလဲ။? အခန်းထဲမှာလား။?" ကျနော် ထထိုင်လိုက်တယ်။ "မင်းနဲ့ အတူ ဘယ်သူရှိနေတာလဲ။? ငါ သိတဲ့သူလား။?"
ကျနော်သိတဲ့သူဆိုလို့ကတော့ အဲ့ကောင်ကို ဖင်ကို ဆောင့်ကန်ပစ်မယ်။ မသိတဲ့သူဆိုရင်လဲ အင်း ဖင်ကို ဆောင့်ကန်အုန်းမှာပဲ။

အီဗန်က သက်ပြင်းထပ်ချတယ်။ ခုနောက်ပိုင်း သူ ကျနော့်နားမှာဆို သက်ပြင်း ခနခနချနေတော့တာပဲ။ ကျနော့်ကို မနိုင်ဘူးဆိုတဲ့ သဘောလား ဘာလားပဲ။
"ဟုတ်တယ် ဒဲရက်ပ်။ ငါ အခုအခန်းထဲမှာ။ ပြီးတော့ မရှိဘူး။ ငါနဲ့အတူ ဘယ်သူမှ မရှိဘူး"

ကျနော် ကျောပြန်လှဲလိုက်တယ်။ "အိုး ဟုတ်ပြီ။ အဲ့တာဆို လာခဲ့လေ"

"ဒဲရက်ပ် မင်းမှာ သမိုင်း အိမ်စာတွေ ရှိတယ်မဟုတ်ဘူးလား"

ကျနော် နှာခေါင်းရှုံလိုက်တယ်။
"အင်း ဒါပေမယ့် မစ္စတာ တန်နာက အဲ့တာအတွက် အချိန်တစ်ပတ်ပေးထားတယ်။ ငါ့မှာ အချိန်တွေ အများကြီးရှိသေးတယ်"

"အဲ့တာ ဒီတနင်းလာဆို ပြည့်ပြီလေ။ ဒဲရက်ပ်"

အိုးရှစ်။ တနင်းလာက နှစ်ရက်ပဲ လိုတော့တာ။ "အို သွားပြီ"

အပြာရောင် အရေးအသားများ (18+)Where stories live. Discover now