ခင့်သက်လျာ... part (1)

14K 384 1
                                    

'''''ငါစိတ်မကောင်းပါဘူး ဆောင်းရယ်....

ပတ်ဝန်းကျင်ရဲ့ တိတ်စိတ်မှုကို ထိုးဖောက်လာတဲ့ အသံတစ်ခု...

''''ဘယ်တက် နိုင်မလဲ... ခိုင်...ရယ်.....

ဝမ်းနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရှိုက်သံကို ထိန်းကာ ထွက်ပေါ်လာတဲ့.. အသံမှာ အားယုတ်မှု.. စိတ်အား ငယ်မှုတို့.. စွနိးထင်းနေသည်....

ကျွန်မ နာမည်က ဆောင်းသခင်တဲ့... မွေးကတည်းက. မိဘတွေ စွန့်ပစ်ခဲလို့ အဒေါ်အပျိုကြီးက မွေးစားခဲ့တယ်.. ဆောင်း အဒေါ်ရဲ့ လက်ထဲမှာ ဆောင်းဘဝဟာ အတော်ကို လူလားမြောက်ခဲ့တာ အခုဆို ဘွဲ့တောင်ရခဲ့ပြီ
ဒါပေမယ့်.. ဆောင်း အလုပ်အကိုင်နဲ့ အဒေါ်ကို ပြန်လုပ်ကျွေးပြုမယ့် အချိန်ရောက်မှ ချစ်ရတဲ့ တစ်ဦးတည်းသော ဆွေမျိုး တစ်ဦးတည်းသော သွေးသား ဖြစ်တဲ့ ဒေါ်လေးဟာ လည်း ဆောင်းကို နှုတ်တောင် မဆက်ပါဘဲ ဆောင်း ဆီက ထွက်ခွာခဲ့ပြီ.. အခု ဆောင်းတစ်ယောက်ထဲ ဘဝကို ဘယ်လို ရှေ့ဆက်ရ ပါ့မလဲ.. ဒေါ်လေးရယ်....

''''အခု ဘယ်လို လုပ်မယ် စဥ်စား ထားလဲဆောင်း.... ဟင်...

တစ်ဦးတည်းသော ချစ်သူငယ်ချင်ရဲ့ အမေးကို ဆောင်းဖြေနိုင်စွမ်းမရှိသေးပါ ဆောင်းကိုယ်တိုင် လဲ ဘာကို လုပ်ကိုင်ရမလဲ မစဥ်းစားနိုင်းသေးပါ.....

မသိသေးပါဘူး... ခိုင်ရယ်.... ငါဘာလုပ်ရမလဲ မစဥ်းစားရသေးဘူးဟာ....

ဆောင်း.. နင်. ငါနဲ့ ရွာကို လိုက်ခဲ့မလား... နင့်မှာ နှောင်တွယ်စရာ ဒေါ်လေး လဲ မရျိတော့ဘူးမလား.... ငါရွာမှာဘဲ အခြေချပါလား.. ဟင် ဆောင်း....

ခိုင့်ရဲ့ စကားကို ဆောင်း တွေးစမိတယ်.. ဆောင်း တစ်နယ် တစ်ခြားမှာ အခြေချချငိတာမျိုးရှိပေမယ့်.... ခိုင်တို့ရွာက ခေါင်လွန်းတယ်မလား... ဆောင်းအတွက် အဆင်ပြေပါ့မလား.....

စဥ်းစား မနေပါနဲ့တော့ ဆောင်းရယ်.... ရွာမှာ ငါလည်း အပြီး အခြေ ချတော့မှာလေ.. ငါလည်းရှိတာဘဲ ဘာအဆင်မပြေစရာရှိလိူ့လဲ ဟ နော် လိုက်ခဲ့ပါဆောင်းရယ်...

ငါလိုက်ချင်ပါတယ် ခိုင်ရယ် ဒါပေမယ့်....
နင်အဆင်မပြေမှာဆိုးတာရယ်.... ငါက ...ဟို

ခင့် သက်လျာ......(complete)Where stories live. Discover now