''''ခန.. ခနလေးနော်. မမခင်... ထွေး..ထွေးညို.. ဒါနဲ့အရင် အုပ်လိုက်မယ်.. သွေးထွက် မလွန်အောင်.... '''
ထွေးညို.. ဘေး၌ချထားသော. ပုဝါကို.. ကောက်ကိုင်ကာ.. ခင့်လက်မောင်းဆီ ဦတည်ပေမယ့်.. ထွေးညိုရဲ့ လက်ဟာ လက်သွယ်သွယ်တို့ ဟန့်တားမှုကြောင့် ရပ်တန့်ကုန်သည်....
''''ဆ.ဆောင်း..ဆောင်းဘယ်လို..'''
'''ဆောင်း..လုပ်ပေးမယ်... ဒီတိုင်းလုပ်ရင်.. ပိုးဝင်လိမ့်မယ်...'''
'''ဟို..ဟို..ဒါ ဒါပေမယ့်...'''
'''ဆောင်းကို မယုံမှန်းသိပါတယ်.. ဒါပေမယ့်.. မင်းရဲ့ မမခင်ကို ဒီပုံတိုင်းဆက်လုပ်ပေးနေရင်.. မနက် ဆေးရုံတင်ရလိမ့်မယ်.... '''
'''မဟုတ်.. မဟုတ်ပါဘူး... မယုံတာ မဟုတ်ပါဘူး....ဟို...'''
''ဒါဆိုလဲ.. ဆောင်းကို ရေနွေးနွေးလေးနဲ့ မသုံးရသေးတဲ့ ပုဝါ တစ်ခုယူပေးပါ မြန်မြန်လေး...'''
''''ဟုတ်.. ဟုတ်ကဲ့...'''
ထွေးညို ထွက်သွားသည်နှင့်...
'''ဖိုးဝိုင်း.. ဆောင်းအခန်းထဲက အိတ်အနီရောင်လေး သွားယူပေးပါ...'''
''ဟုတ်ကဲ့ဗျ... ''
ဖိုးဝိုင်း ထွက်သွားမှ ဆောင်း ခင့်ကို အနီးကပ်ကြည့်မိသည်... လက်မောင်းမှ သွေးတော်တော် စီးကျနေသည်.. ခင်.. သတိရှိသေးပေမယ့်.. ခင့်မျက်လုံးအစုံဟာ မှိတ်ထားဆဲဖစ်သည်... ဆောင်း ခင့်အပေါ်ထပ် အကျီကို ပင့်တင်လိုက်သည်နှင့် မြင်လိုက်ရသည့် ဒဏ်ရာကြောင့် ဆောင်း မျက်မှောင်ကြုံ့မိသည်....
'''ဒါ.. ဘယ်လိုဖြစ်တာလဲ....'''
ဘေး၌ ကျောက်ရုပ်လို ရပ်နေသော အမည်မသိလူကို ဆောင်းတစ်ချက် မော့ကြည့်ကာမေးလိုက်သည်....
'''ကိုင်းထဲ ဆင်းရင်း ဝါးချွန်ထိုးမိတာပါ...'''
'''ဝါးချွန်...!!....''''
မဖြစ်နိုင်တာကို ယုတ်တိမရှိလိမ်နေသော ထို လူကို ဆောင်း ထပ်မမေးချင်ပါ.. ဒီဒဏ်ရာ က ဝါးချွန်ထိုးမိတာ မဟုတ်မှန်း ဆောင်းတပ်အပ်သည်... ဘာကြောင့် များ ဒီအိမ်နဲ့ ပတ်သတ်သမျှလူတွေက ဆောင်းအား လိမ်ညာနေကြသနည်း.. အတော်ပင် ခင်တွယ်ရပါသော ထွေးညို ကိုယ်တိုင်ကပါ.. လိမ်ညာနေသည်မို့ ဆောင်းအတော် ဝမ်းနည်းမိသည်....